Thursday, March 24, 2011

Iodine detected in Tokyo tap water no major cause for concern

The detection of 210 becquerels of radioactive iodine per 1 kilogram of tap water at Kanamachi filtration plant in Katsushika Ward, Tokyo, has caused anxiety to Tokyo residents. The metropolitan government has advised residents of the capital's 23 wards and other areas who use water from the plant not to allow babies aged below the age of 1 to drink the tap water. However, questions remain as to whether the water is safe for bathing or whether infants older than 1 year of age can drink it. Compiled below are common questions and responses based on advice from experts.

Question: Why are only babies below the age of 1 subject to the ban?
Answer: Radioactive iodine has a tendency to collect in the thyroid. If children whose thyroids are developing rapidly ingest a massive amount of radioactive iodine, it is thought that it will increase the risk of cancer. The Nuclear Safety Commission of Japan (NSC) advises people including adults not to drink any water that contains more than 300 becquerels of radioactive iodine. Provisional regulations that the government has set under the Food Sanitation Law stipulate that infants below the age of 1 should not drink milk or water containing more than 100 becquerels of radioactive iodine or use such milk or water to dissolve milk powder. Based on the regulations, the government has urged the public not to allow babies to drink tap water containing more than 100 becquerels of radioactive iodine following radiation leaks at the Fukushima No. 1 Nuclear Power Plant that was heavily hit by the March 11 earthquake and tsunami.

Q: How about expecting mothers?
A: There is no upper limit on the amount of radioactive substances that babies in their mothers' wombs can absorb, and the metropolitan government has not urged pregnant women living in areas subject to the advisory not to drink tap water. An obstetrician says, "Under the current circumstances, it is desirable for expecting mothers to avoid drinking tap water in the affected areas. However, any stress mothers feel from struggling to obtain mineral water in short supply, will be more harmful to their health."

Q: Should we also avoid using tap water in these areas for bathing babies and brushing their teeth?
A: The Health, Labor and Welfare Ministry says this is not a problem. It is also fine to wash baby bottles and fruit for babies with tap water. Otsura Niwa, a Kyoto University professor emeritus of radiation biology, says, "Japan's standards are too strict in the first place. Even if babies are given tap water, their parents don't have to worry too much about it."

Q: Should mineral water be used to dissolve milk powder for babies?
A: Since milk powder contains minerals, babies could suffer from diarrhea if so-called "hard water" containing a massive amount of minerals was used to dissolve milk powder. If you want to use mineral water to dissolve milk powder, you should use "soft water."

Q: Can't radioactive substances be removed at tap water filtration plants?
A: Tap water filtration plants are designed to remove impurities and odor, but not radioactive substances. Takeo Samaki, Hosei University professor of science literacy, says that an advanced water treatment technology -- in which ozone gas is used to decompose impurities and activated charcoal is used to absorb organic matters in water -- is employed at the Kanamachi filtration plant. However, it is believed to be able to remove only a small portion of radioactive substances.

Q: Can radioactive substances be removed with water purifiers for household use or by boiling the water?
A: The structure of ordinary water purifiers for household use is similar to that of water filtration plants, so you shouldn't expect such devices to remove radioactive substances from tap water. It is also believed difficult to remove radioactive substances from water by boiling it.

Q: Will a similar advisory be issued for wider areas?
A: The Health, Labor and Welfare Ministry has instructed waterworks departments at local governments across the country to make announcements if more than 100 becquerels of radioactive iodine are detected in their tap water. Close attention should be paid to figures announced by local governments.

(Mainichi Japan) March 24, 2011

Sunday, March 13, 2011

အစ်ကိုကြီးလို့ပဲဆက်၍ခေါ်စေဗျား

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ ဂျပန်ဒီမိုကရက်တစ်ပါတီ အစိုးရသစ်ဖွဲ့ခဲ့တာ ၁၈လ မရှိသေးပေမဲ့ အပြောင်းအလဲ
တွေကတော်တော်များပါတယ် ..ပါတီအတွင်းမှာရော အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရာထူးအပါအ၀င် ရာထူးတွေ ထုတ်..
ရွှေ့..ထွက်..တွေကြားရတယ်ခင်ဗျ .....

အဲဒီထဲမှာမှ ဂျပန်မှာဒုက္ခသည်တွေ နိုင်ငံခြားသားတွေအနေနဲ့ ကင်းဝေးလို့မရတဲ့ လ၀က ရဲ့တရားရေးဝန်ကြီး
ဌာန က ၀န်ကြီးအပြောင်းအလဲ အများဆုံးလို့ဆိုရမှာပါ ..လက်ရှိအစိုးရလက်ထက်မှာပထမဦးဆုံးတရားရေးဝန်ကြီးက
Chiba Eiko ဆိုတဲ့အန်တီကြီးပါ ..အန်တီကြီးကအထက်လွှတ်တော်ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့လို့ ရာထူးကနေ
ဖယ်ရှားခံခဲ့ရပါတယ် .....

အန်တီကြီးရဲ့နောက်မှာတော့ Yanagida ဆိုတဲ့ အန်ကယ်တယောက် ကတရားရေးဝန်ကြီးလုပ်ပါတယ် ..အဲဒီ
အန်ကယ်ကြီးကလဲ ပါးစပ်က မဆိုင်တာတွေကို ပေါက်ပေါက် ဖေါက်လို့ ၂၀၁၀ နိုဝင်ဘာလကထွက်စာတင်
ခိုင်းတာကိုခံရပြီး ၀န်ကြီးရာထူးကနေ “ဆာယိုးနာရ ”ဖြစ်သွားခဲ့ပြန်ပါရော .....

အဲဒီအန်ကယ်ကြီးရဲ့ တရားရေးဝန်ကြီးတာဝန်ကို အစိုးရအဖွဲ့အတွင်းဝန်  Sengoku က တာဝန်ယူခဲ့ပြန်ပါတယ်..
အတိုက်အခံပါတီတွေဘက်က  ဖိအားပေးတဲ့အတွက်ကြောင့် ရာထူးကနေဆင်းပေးခဲ့ရပြီး ..လက်ရှိတာဝန်ထမ်း
ဆောင်နေတဲ့တရားရေးဝန်ကြီးကတော့ Satsuki Eda ဆိုသူဖြစ်ပါတယ်ခင်ဗျာ .....

လက်ရှိအာဏာရပါတီရဲ့အစိုးရအဖွဲ့ဟာ  ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးဆင်းစဉ်က ပေးထားတဲ့ကတိ
တွေအတိုင်းမလုပ်လို့ကြိုက်နှစ်သက်သူနဲနေချိန်မှာ တရားရေးဝန်ကြီးဌာနကတော့ လက်ရှိဗီဇာသက်တမ်းမကုန်မီ
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုဘို့ လျှောက်ထားသူတွေကို  လျှောက်ထားဆဲကာလမှာ အရင်ကလို သုံးလလျှင်တစ်
ကြိမ် တို့ တစ်လလျှင်တစ်ကြိမ်တို့ ဗီဇာသက်တမ်းတိုးစရာမလိုတော့ပဲ ၆လသက်တမ်းရှိဗီဇာတွေထုတ်ပေးလိုက်
တာကို ကောင်းသောအချက်တခုအနေနဲ့တွေ့ရပါတယ် ...လက်ခုပ်တီးပြီးအားပေးပါတယ်ခင်ဗျား.....

ဂျပန်တိုင်းပြည်မှာမှီခိုနေထိုင်နေတော့လဲ ဂျပန်နိုင်ငံရဲ့အခြေအနေတွေကို နဲနဲပါးပါးလောက်တော့ မျက်စိဖွင့် နားစွင့်
ဖတ်ရှုလေ့လာထားရတာပေါ့ခင်ဗျာ ...တိုင်းပြည်တပြည်ရဲ့သဘောထားဆိုတာ သူ့လူမျိုးကိုထိလာတဲ့အချိန်မှာ
သရုပ်မှန်ပေါ်တတ်ပါတယ် ..ပြည်သူ့သဘောထားဆိုပြီး ၀ါဒဖြန့်စာတွေ ရေးနေ အော်နေ ဆိုင်းဘုတ်ထောင်နေစရာ
မလိုပါခင်ဗျား .....

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကအဖြစ်အပျက် ၂ခုကိုမှတ်မိတဲ့လူတွေလဲရှိနိုင်မှာပါ ....၁၉၉၉ အောက်တိုဘာလက
ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးကို  AK 47 ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုး ၅ဦးက ၀င်စီးပြီး သံရုံးဝန်ထမ်း ၁၈
ယောက်ရယ် သံရုံးကိုလာတဲ့နိုင်ငံခြားသား အချို့ကိုပြန်ပေးဆွဲခဲ့ပါတယ် .....

ထိုင်းအာဏာပိုင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ဓါးစာခံတွေကိုပြန်လွှတ်ပေးခဲ့ပြီး ၀င်စီးခဲ့သူတွေကို ထိုင်းမြန်မာနယ်စပ်က
သူတို့ရဲ့တပ်စခန်းနားအထိ ရဟတ်ယာဉ်နဲ့ပြန်ပို့ပေးခဲ့ပါတယ် ..အဲဒီတုန်းက သံရုံးကပြန်လွတ်လာသူ ဓါးစာခံ
နိုင်ငံခြားသားတွေရဲံ့နဖူးမှာ ကျောင်းသားတပ်မတော်ရဲ့အထိမ်းအမှတ် ပုဝါနီတွေဝတ်ဆင်ပြီးထွက်လာခဲ့ကြပါတယ် .....အဲဒီလို ထိုင်းအာဏာပိုင်တွေရဲ့ညင်သာပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့တာကို အခွင့်ကောင်းယုပြီး သက္ကရာဇ်
၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလထဲမှာ ထိုင်းနိုင်ငံထဲမှာပဲ Ratcha buri ဆေးရုံကို  တိုင်းရင်းသားလူမျိုးစုတွေရဲ့
God's Army အဖွဲ့ လက်နက်ကိုင်လူ ၁၀ဦးက  ဆေးရုံထဲမှာရှိတဲ့ လူနာတွေ.. ၀န်ထမ်းတွေ  စုစုပေါင်း
အယောက် ၁၀၀ကျော် ၂၀၀လောက်ကို ပြန်ပေးဆွဲခဲ့ကြပြန်ပါတယ် .....

ဒီတခါတော့သူ့လူမျိုးကိုထိပါးလာပြီဖြစ်တဲ့အထွက် ထိုင်းအာဏာပိုင်တွေက ညင်ညင် သာသာ ပျော့ပျော့
ပြောင်းပြောင်း မကိုင်တွယ်တော့ပါဘူး အကြမ်းဖက်နှိမ်နင်းရေး အထူးကွန်မန်ဒိုတွေနဲ့  အင်အားသုံးပြီး
၁၀ယောက်စလုံးကိုပစ်သတ်လိုက်ပါတယ် ..လက်နက်ချ အညံ့ခံပါတယ်ဆိုတဲ့ သူတွေကိုပါ ပစ်သတ် တာနော်
 ဇယားအရှုပ်မခံဘူး ..သွားထားဂုံနီအိတ်ထဲကို .. စာရင်းပိတ် ..မှတ်ကရောပဲ .....

ပစ်သတ်ခံရတဲ့အထဲက တယောက်ရဲ့နာမည်က ပီတာလို့ခေါ် သတဲ့ ..၁၉၉၉ အောက်တိုဘာလ ထဲ ဘန်ကောက်
က မြန်မာသံရုံးကို ၀င်စီးတုန်းက ပါခဲ့တဲ့သူဖြစ်ပါတယ်လို့  ထိုင်းက သတင်းထုတ်ပြန်ပါတယ် ...ဒီလောက်ဆို
သဘောထားကိုသိလောက် ရောပေါ့နော် .....

တလောကလဲ မဲဆောက်က UNHCR ရုံးရှေ့မှာ မြန်မာနိုင်ငံသား တဦးလက်ပစ်ဗုံးနဲ့ ဆန္ဒပြခဲ့တာကို ..
သတင်းတွေထဲမှာ တွေ့ရပါတယ် ..ဟိုလိုလုပ်ပါ ..ဒီလိုမလုပ်ပါနဲ့လို့တော့ မပြောလိုပေမဲ့ ..သူတပါးရဲ့ တိုင်း
ပြည်ထဲ သွားပြီး လက်နက်နဲ့ လှုပ်ရှားတာကတော့  ရရှိမဲ့အကျိုးအမြတ်ထက် ပေးရမဲ့ အရင်းအနှီးကပိုများ
တယ်လို့ပဲ ရွှေမြိုင်အောင်ပြောပါရစေခင်ဗျာ .....

ဂျပန်အစိုးရဟာ ၂၀၁၁ ငွေကြေးဘတ်ဂျက်အတွက်ရယ် ..အခွန်တိုးကောက်ဘို့ကိစ္စ ..ဆိုရှယ်ဝဲဖဲလ် ပုံစံပြောင်း
ဘို့ အပါအ၀င် အခြားသောကိစ္စတွေအတွက်  အထက်လွှတ်တော်မှာ ဥပဒေအတည်ပြုပေးရအောင် ..အတိုက်အခံ
ပါတီတွေကို မျက်နှာချိုသွေးနေရလေတော့ ..ဟိုဝန်ကြီးကိုထုတ် ..ဒီခေါင်းဆောင်ကိုဖြုတ် ..ဟောဟိုက၀န်ကြီးကို
နေရာရွှေ့နဲ့ ..ပါတီတွင်းမှာရော အစိုးရအဖွဲ့ထဲမှာပါ “ဖြုတ် ထုတ် ရွှေ့”တွေလုပ်နေပေမဲ့ “ငုတ် တုတ် မမေ့” ပဲ
ကျန်နေတာက ဇာတ်လိုက်ကျော် Ichiro Ozawa ပါပဲခင်ဗျား .....

ပါတီကိုလူထုထောက်ခံမှုတွေပြန်ရလာအောင် ..၂၀၁၁ ဘတ်ဂျက် ကိစ္စ အထက်လွှတ်တော်ရဲ့ ခွင်ပြုချက်ရလာအောင်
ယာလဲညက်စေ ကြက်လဲမောစေ သဘောမျိုးနဲ့ Ozawa ရဲ့ ပါတီရံပုံငွေ လာဘ်စားတဲ့ အမှုတွဲဟောင်း ပေါင်းချုပ်
ကြီးကို သတင်းစားပွဲအရှေ့ကို ပြန်သယ်လာကြ လေတယ်ခင်ဗျ .....

အရင်တုန်ကတော့ ၀န်ကြီးချုပ်ဟောင်း ဟာတိုးယာမရဲ့မျက်နှာ ရယ် ..၂၀၀၉ ရွေးကောက်ပွဲမှာ ပါတီအနိုင်ရအောင်
ကူညီ လုပ်ကိုင်ပေးတဲ့မျက်နှာတွေကို ထောက်ထားအားနာလို့ Ozawa  အပေါ် အစ်ကိုကြီးအရာ နဲ့ ထောက်ထားညှာ
တာမှုတွေရှိခဲ့ပေမဲ့ ..အခုလို ပါတီအကြပ်အတည်းကြုံတွေ့လာရချိန်မှာတော့  အစ်ကိုကြီး မခေါ်နိုင်တော့ပဲ.. ဟေ့
Ozawa အရပ်ဖက်တရားရုံးမှာသွားဝန်ခံမှာလား ..လွှတ်တော်မှာမေးမြန်း စီရင်တာကိုခံမှာလား..လို့ ရာဇာသံပေးလာ
ကြပါတော့တယ် ..ဒါ့အပြင် အတိုက်အခံ ပါတီတွေကိုလဲ Ozawa ကိုဝိုင်းဆုံးမဘို့တိုက်တွန်းမှုတွေလုပ်လာကြရောခင်ဗျား.....

လွှတ်တော်ထဲကိုလာရင် ၀ိုင်းဆုံးမမယ်ဆိုတာကိုသိလို့ Ozawa လွှတ်တော်အစည်းအဝေးမတက်ဘူးခင်ဗျ ..လုပ်ချင်သလို
လုပ် ငါကတော့ အေးဆေးပဲ ဆိုတဲ့ပုံစံမျိုးနဲ့ပါ ..မျက်နှာပြောင်လဲတိုက်ပါ့ .ရွှေနိုင်ငံတော်ကြီးထဲက ကြက်ဆူဘုရင်ကြီး
နဲ့အရမ်းတူတယ်နော် ..မျက်နှာပြောင်တိုက်တာကိုပြောတာလေ ..ဟုတ်တယ်ဟုတ် .....

အခုတော့ အာဏာရအစိုးရခင်မျာ ယာလဲမညက် ကြက်လဲမမောပဲ ..အတိုက်အခံပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမို
ကရက်တစ်ပါတီရယ်.. (Sunrise  Party)ဆန်းရေ့ ပါတီရယ်ပူးပေါင်းပြီး အထက်လွှတ်တော်အစည်းအဝေးမှာ
လက်ရှိအစိုးရကိုဖြုတ်ချဘို့ သဘောတူထားကြတယ်ဆိုလို့ ပိုပြီးအကြပ်အတည်းနဲ့ကြုံနေရ တယ်တဲ့ခင်ဗျား.....

မျက်နှာနာစရာလူတွေ ကိုယ့်ရဲ့ အထက်က.. အရှေ့က..ဆရာတွေကိုရှင်းပစ်တဲ့နေရာမှာ ကြက်ဆူဘုရင်ကြီးက
အရမ်းကို ကျွမ်းကျင်တယ်ခင်ဗျ ..ရှင်းပုံရှင်းနည်းက လာဘ်စားတယ် ..အာဏာဖီဆန်တယ် ဆိုပြီးစွဲချက်တင်မယ် ..
ပြီးရင်အမိန့်ထုတ်ပေးလိုက်မယ် ..ဥပဒေကဲ့သို့အာဏာတည်စေသောအမိန့် ..ဒါပဲ ...ဒီအမိန့်နဲ့ပဲ သူ့ရဲ့ရှေ့ကလူ
တွေကိုဖြုတ် ..အတန်းတူတွေကိုဖြုတ်..နောက်တက်လာမဲ့အထဲက သူ့ကိုအာခံနိုင်တယ်လို့ထင်ရသူတွေကိုဖြုတ်..
နဲ့ တဖြုတ်ဖြုတ်လုပ်လာနေဆဲပဲခင်ဗျ .....

၁၉၈၈ အရေးအခင်းနောက်ပိုင်း ..အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ထံ အလည်လာတဲ့ ထိုင်းဝန်ကြီးချုပ်က “၀န်ကြီးချုပ်
လို့ခေါ်ရမှာလား ..သမတ ကြီးလို့ခေါ်ရမှာလား ..ဘယ်လိုခေါ်ရမလဲဆိုတာမသိလို့ ..အစ်ကိုကြီးလို့ပဲခေါ်ပါရစေလို့ ”
ခွင့်တောင်းခဲ့ဘူးပါတယ် .....

ကြက်ဆူဘုရင်ကြီးလဲ ၂၀၁၁လွှတ်တော်မှာ ၀န်ကြီးချုပ်လဲမလုပ်..သမတလဲမလုပ် ပဲ အချိန်မရွေးအာဏာသိမ်းလို့ရမဲ့
ရာထုးကိုပဲဆက်ယူထားမှာဖြစ်တဲ့အတွက်..နောက်ထပ် နိုင်ငံခြားတိုင်းပြည်က ၀န်ကြီးချုပ်တွေ သမတတွေများ
အလည်လာပြီး ဘယ်လိုခေါ်ရမှာလဲလို့မေးလာရင် ..ကြက်ဆူဘုရင်ကြီးက ဇာတ်ပွဲထဲဘုရင်လေသံနဲ့ “အစ်ကိုကြီး
လို့ပဲဆက်၍ခေါ်စေဗျား...”လို့ဖြေလိမ့်မယ်လို့ ရွှေမြိုင်အောင် ထင်မိကြောင်းပါခင်ဗျား.....

(စာကြွင်း.....
၁၉၈၈အဲဒီအချိန်ကစလို့ ရွှေမြိုင်အောင်တို့ ရောင်းရင်းတတွေ အကြား ..ဖြစ်မြောက်အောင်ဘာမှမလုပ်ပဲ ဆရာကြီးအထာနဲ့
ဟောက်စားလုပ်တတ်တဲ့သူငယ်ချင်းတွေကို အစ်ကိုကြီးလို့ နောက်ပြီးခေါ်တတ်ကြပါတယ် .....နှစ်တွေကြာသည့်တိုင်..
အခုအချိန်မှာလဲ တစ်ယောက် ယောက်က အစ်ကိုကြီးလို့လှမ်းခေါ်ရင် ရွှေမြိုင်အောင် ဆံပင်မွှေးတွေထောင်သွားတတ်
ပါတယ်ခင်ဗျား...)

ပြီးပါပြီ
ရွှေမြိုင်အောင်

Sunday, March 6, 2011

ကြက်ဆူတောမှေ​တာက်တဲ့ဟော​စာတမ်း

ဒီနှစ်ထဲမှာ ရာသီဥတုနဲ့ပတ်သက်ပြီးထူးခြားတဲ့အခြေအနေတွေကိုကြားမြင်တွေ့သိ ထိမိလို့နေရပါတယ်ခင်ဗျ ..
ဂျပန်မှာဆိုရင်နှစ်ပေါင်း ၅၀အတွင်းမှာ ဒီနှစ်ဟာရာသီဥတုပြောင်းလဲမှုအဆိုးဆုံးလို့ဆိုပါတယ် ...
နှစ်စဉ်ပွင့်နေကျ ဆာကူရာပန်းတွေလဲ ဒီနှစ်မှာ သက်တော်ရှည်လို့ တော်တော်နဲ့မကြွေတာ သတင်းတွေကို
ဖြစ် ..လို့.....

နွေဦးရောက်ပြီဟေ့ ဆောင်းတွင်းကအနွေးထည်တွေ သိမ်းလို့ရလောက်ပြီကွလို့ ထင်လိုက်တဲ့အတွက် သိမ်းပြီးလို့မှ
 နှစ်ရက်မကြာပါဘူး  နှင်းတွေကကျ မိုးတွေကရွာ ရာသီဥတုတွေဖေါက်ပြန်လာတာမို့  သိမ်းပြီးသွားတဲ့အနွေးထည်အချို့
ပြန်ထုတ်ခဲ့ရပါတယ် ...

မိုးလေ၀သဌာနရဲ့ တပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေလဲ တပတ်စာအလွဲတွေဖြစ်ခဲ့ရပြန်ရောပေါ့ခင်ဗျာ...
တပတ်စာမိုးလေ၀သခန့်မှန်းချက်တွေကိုအားကိုးမိလို့ ရွှေမြိုင်အောင် မိုးမိခဲ့ရတာလဲအကြိမ်ကြိမ်ပါ...တီရှပ်ကလေး
တစ်ထည်နဲ့ရွက်လွှင့်မိလိုက်တဲ့နေ့တွေမှာ မိုးနဲ့လေကြားမျောသွားခဲ့ရလို့ ဟပ်ချိုး အဟွတ် အဟွတ် သက်တမ်းကလဲ
အတော့်ကိုရှည်ခဲ့ပါတယ် ...

ချောင်းတွေဆိုး လည်ချောင်းတွေနာပြီး စကားပြောရင် အသံလုံးမကွဲပဲ မန်ဒါလီဘဲလို အဂါး အဂါး ဖြစ်ခဲ့ရတယ်ဗျာ...

နေ့အပူချိန်အတက်အကျကလဲ တနေ့နဲ့တနေ့မတူ အတော်ကြီးကိုကြမ်းခဲ့ပြန်ပါတယ် ဂျပန်မှာ နေ့အပူချိန် အတက်
အကျကြမ်းနေပေမဲ့ ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာနေ့အပူချိန်အတက်က ကြမ်းနေလေရောလို့ဆိုပါတယ် ..
ကြမ်းတာကမှ ရေတွင်းကရေတွေခန်း..ရေကန်ကရေတွေခန်း..အင်းလေးကန်ကြီးရေတွေခန်းရတဲ့အထိ ခန်းခန်းတွေ
လှိုင်ခဲ့ရလေသတဲ့ခင်ဗျာ..

ခန်းခန်းတွေလှိုင်ခဲ့ရတာကြောင့် ရွှေနိုင်ငံသားတွေလဲ သောက်ရေ သုံးရေပြဿနာ ဖြစ်ကြရရှာပါတယ် ..အပူချိန်လွန်
ကဲတဲ့ဒဏ်ကြောင့် လူအသေအပျောက်တွေလဲတော်တော်များခဲ့တယ်လို့ စိတ်မကောင်းစွာကြားရပါတယ် ...

အခုလဲရေရှားတဲ့ပြဿနာကိုအတတ်နိုင်ဆုံးကူညီပြီး ကုသိုလ်ယု ရေလှူတဲ့သူတွေကိုတော့ သူတို့ရဲ့စေတနာနဲ့ အလှူ
အတွက်ရွှေမြိုင်အောင်သာဓု ခေါ်ပါတယ် ...
ဒါပေမဲ့ဗျာ ..ကျေးရွာအဆုံးတပြည်လုံး ရေမီးရအောင်လုပ်ပေးရမဲ့တာဝန်က ပြည်သူ့ဘဏ္ဍာတွေကို ယူငင်စားသုံးနေတဲ့
အစိုးရရဲ့တာဝန်မဟုတ်ပေဘူုးလားဗျာ ..နော်....

ဒီနှစ်မှာ ရေရှားတယ်ပြောလို့ ရေသွားလှူကြတယ် နောက်နှစ်နွေအတွက်ကြိုတင်ပြင်ဆင်မှုကရော ...ဟုတ်ကဲ့ ဒီနှစ်လိုပဲ
ရေရှားတယ် အော်ကြရင် နောက်နှစ်မှာလဲ သွားလှူကြမယ်ဆိုတာမျိုးထက် ပိုပြီး အခြားဘာမှထူးခြားမှုရှိမယ်လို့တော့
ရွှေမြိုင်အောင် မထင်ရေးချမထင်ပါခင်ဗျား ...

ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝဘေးအန္တရာယ် အခံစားရဆုံးတိုင်းပြည်တွေစာရင်းထဲမှာ မြန်မာနိုင်ငံလဲပါတယ်ခင်ဗျ ..
ရာသီဥတုဆိုးရွားရတာက သစ်တောတွေပြုန်းတီးလို့ မြစ်ချောင်းရေဝေရေလဲတွေ ပြောင်းလဲလို့ တိမ်ကောကုန်လို့
အစရှိသဖြင့် အမျိုးမျိုးသောအကြောင်းအရာတွေရှိပေမဲ့ .......အဲဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရွှေမြိုင်အောင်
ရေးမနေတော့ပါဘူး ...

ရွှေမြိုင်အောင် တို့ငယ်စဉ်က သစ်တောဦးစီးဌာနရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ဥတုရာသီ တောကိုမှီဆိုတဲ့ ဘုတ်ပြားတွေကို
မော်လမြိုင် တောင်ရိုးတန်းတွေမှာ အတော်များများ တွေ့ရပါတယ် ..အဲဒီနောက် ဘုတ်ပြားကလေးတွေဟာ ရာဘာ
ခြံတွေရှိရာကို နေရာရွှေ့သွားပါတယ် ..အခုတော့ဘုတ်ပြားလေးတွေလဲ ထင်းရှာတွေရဲ့လက်ကြောင့် တောကိုမမှီ
နိုင်တော့ဘူးဖြစ်သွားရရှာလေသတဲ့ ...

မြန်မာပြည်မှာ သစ်ဝါးတွေရှားပါးလာပြီး ယတြာချေ စိုက်ခဲ့တဲ့ခြံစည်းရိုးကြက်ဆူပင်တေါသာ မလိုချင်ပဲပွားနေရော ..
ခင်ဗျ ..အနှစ်မရှိတဲ့ ကြက်ဆူတောက ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့တိုင်းပြည်မှာ ကြက်ဆူဗိုလ်တွေကိုကြောက်ရလို့
မိုးလေ၀သကိုမှန်ကန်အောင်ဟောကိန်းမထုတ်နိုင်ပဲ ကြက်ဆူပင်မှာ တွယ်ကပ် တက်ထိုင်နေတဲ့ တောက်တဲ့ကြီး
ရှိပါတယ် ...

အဲဒီတောက်တဲ့ကြီးက အပူချိန်မြင့်တက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့တာကို ရွှေမြိုင်အောင် ပြန်ပြောပြမယ်
အပူချိန်ကပထမတက်တယ်တဲ့ တက်ပြီးတော့ပြန်မကျဘုးတဲ့ ပြန်မကျရတာကမိုးမရွာလို့တဲ့ မိုးမရွာလို့ တိမ်မရှိလို့
အေးအောင်လုပ်တဲ့ မဂက်နက်ဇင် ဘာမှမရှိတော့အပုချိန်ကတန်းနေရောတဲ့  ..အပူုချိန်တန်းနေလို့ အပူရှိန်ဖြစ်လာတာတဲ့
ဒီတော့အပူရှိန်တွေမြင့်ပြီး အပူရှိန်တွေတက်လာတာတဲ့ ...အပူရှိန်တွေက လေးငါးရက်လောက်တက်နေတော့
အဲဒီအပူရှိန်တွေက အပုချိန်ကိုတန်းစေပြန် ...စကားလေး ၂လုံးဖြစ်တဲ့အပူရှိန်နဲ့အပူချိန်ကြားမှာ ရှုပ်ရှုပ်ကလေးနဲ့ရှင်း
သွားတာကိုရွှေမြိုင်အောင်နားလည် လိုက်တာက မိုးမရွာလို့ပူတယ်ဆိုတာပါပဲ ခင်ဗျာ ..မှတ်ကရော...
လူပြိန်းနားလည်အောင်ရှင်းပြတတ်တဲ့ တောက်တဲ့ကြီးရေ ..တော်လိုက်တဲ့ဥာဏ်နဲ့ ကွက်တိမှန်မဲ့ဟောချက်ပါလားဗျာ...

သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း တောက်
တဲ့ကြီးကပြောပါတယ်  “အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ
စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး
စောင့်ကြည့်ရတဲ့ အနေအထားပါ” တဲ့ခင်ဗျာ ...

အပူချိန် ၄၅ဒီဂရီ ၄၇ဒီဂရီအထိ အမြင့်ဆုံးဖြစ်ခဲ့တာတွေ တနိုင်ငံလုံးမှာ အပုချိန် ၄၀ နဲ့အထက်ရှိခဲ့တာနဲ့ပတ်သက်ပြီး
ဘယ်လိုစံချိန်ကျိုးတယ်ဆိုတာကို တောက်တဲ့ကြီးရဲ့ဟောစာတမ်းထဲမှာမပါပါဘူး ...

အခုမိုးရာသီထဲရောက်တော့မိုးရွာမဲ့အကြောင်း တောက်တဲ့ကြီးနဲ့တကွ တောက်တဲ့အပေါင်းကဟောကြပါပြီ ...

 ပြီးခဲ့သည့် ရက်ပိုင်းများကပင် အယ်လ်နီညိုရာသီဥတုဒဏ် ခံစားနေရရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍
ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာကြောင်း တောက်တဲ့ကြီးက ပြောတာကို
ကြည့်ခြင်းအားဖြင့် သူ့ရဲ့ဟောစာတမ်းမမှန် ရင်သူ့မှာအပြစ်မရှိပဲ  လာနီညာ တို့ အယ်လ်နီညို တို့ကြောင့်ဖြစ်တာပါလို့
ဆင်ခြေတွေအရင်ပေးနေပါပြီခင်ဗျာ ....

(ရွှေမြိုင်အောင်)

Myanmar refugees under resettlement program to work as farmers

Sunday 27th February, 07:02 AM JST
TOKYO —
Twenty-seven Myanmar refugees in Japan, who came from Thailand last year under a U.N.-promoted third country resettlement program, will work as farmers after the government-sponsored orientation and language training sessions end on March 9, Foreign Minister Seiji Maehara said.
Two ethnic Karen families comprising 12 refugees will engage in the growing of leaf vegetables and peanuts in Yachimata, Chiba Prefecture, while the remaining three families comprising 15 refugees will produce mushrooms in Suzuka, Mie Prefecture, according to the Foreign Ministry.
......................................................................
တတိယနိုင်ငံတွင်အခြေချနေထိုင်ရေးအစီအစဉ်အရဒုက္ခသည်များ
လယ်သမားလုပ်ရတော့မည်
- ကုလသမဂ္ဂဧ်တတိယနိုင်ငံအခြေချနေထိုင်ရေးအစီစဉ်အထိုင်းနိုင်ငံမှတဆင့်ပြီးခဲ့သည့်နှစ်ကရောက်ရှိလာသည့်
မြန်မာဒုက္ခသည် ၂၇ဦးသည်ဂျပန်အစိုးဧ်အထောက်အပံ့ဖြင့်ဘာသာစကားနှင့်ရိုးရာဓလေ့ထုံးစံများသင်တန်း
(မတ် ၁၉ ရက်နေ့ တွင်)ပြီးဆုံးပါကလယ်သမားအဖြင့်လုပ်ကိုင်ရတော့မည်ဖြစ်သည်။

- ဒုက္ခသည် ၁၂ ဦးပါဝင်သောကရင်မိသားစု ၂စုသည်ချိဘားခရိုင်ယာချိမတတွင်မြေပဲနှင့်အသီးအရွက်စိုက်ပျိုးရမည်ဖြစ်ပြီးကျန်သည့်ဒုက္ခသည် ၁၅ ဦးပါဝင်သောမိသားစု ၃ စုသည် မိအဲခရိုင်ရှိ ဆုဇုက မြို့ တွင် မှိုစိုက်ပျိုးရေးလုပ်
ငန်းကိုလုပ်ကိုင်ရမည်ဖြစ်သည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းအရသိရှိရသည်။
0 comments

Foreigners who applied for refugee status in Japan down 186 in 2010

TOKYO (Kyodo) — The number of foreigners who applied for refugee status in Japan in 2010 totaled 1,202, down 186 from a year earlier, while only 39 people were certified as refugees, up nine, the Justice Ministry said Friday.
Applicants from Myanmar, the largest group, decreased by 226, apparently because the situation in the country has been stabilizing since 2007, a year that saw violent repression of antigovernment demonstrations, according to the ministry’s Immigration Bureau.
Those who applied for refugee status in 2010 included 342 people from Myanmar, 171 from Sri Lanka, 126 from Turkey, 109 from Nepal, and 91 from India. The number of Nepalese more than doubled from the previous year.
The number of foreigners who were not given refugee status but were allowed to stay in Japan on humanitarian grounds fell by 138 to 363.
Of the overall total of 402 foreigners who have been granted asylum in Japan through 2010, 356 were people from Myanmar.
(Mainichi Japan) February 26, 2011
..............................................................................
ဒုက္ခသည်လျှောက်ထားသူ ၁၈၆ ဦးလျော့နည်း

- နိုင်ငံခြားသားများဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသည့်အရေအတွက်သည် ၂၀၁၀ ခုနှစ်တွင်၁၂၀၂ ဦးရှိခဲ့ ၍လွန်ခဲ့သောနှစ်ကထက် ၁၈၆ ဦးလျော့နည်းခဲ့ပြီး။ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူမှာပြီးခဲ့သည့်နှစ်ထက် ၉  ဦးပိုခဲ့ကာ ၃၉ ဦးရှိခဲ့သည်ဟု တရားရေး
ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။

- အရေအတွက်အများဆုံးမြန်မာနိုင်ငံသားများ ဒုက္ခသည်လျှောက်ထားသည့်ဦးရေမှာ ၂၂ဦးကျဆင်းခဲ့သည်။

- ထိုသို့ လျော့နည်းရသည့်အကြောင်းမှာ အစိုးရဆန့် ကျင်ဆန္ဒပြမှုများအဓိကဂုဏ်းများဖြစ်ပွားပြီးသည့် ၂၀၀၇ ခု  နှစ်မှစ၍ တိုင်းပြည်သည်တည်ငြိမ်လာသောကြောင့်ဖြစ်သည်ဟု ၀န်ကြီးဌာန၏ လ.၀.က သတင်းအရသိရသည်။
- ၂၀၁၀ ခုနှစ်တွင် ဒုက္ခသည်လျှောက်ထားသူများမှာမြန်မာမှ ၃၄၂ ဦး သိရိလကာင်္ မှ ၁၇၁ ဦး တူရကီ မှ ၁၂၆ ဦး  နီပေါ မှ ၁၀၉ ဦးနှင် အိန္ဒိယ ၉၃ ဦးတို့ ဖြစ်ကြပြီး ၊ လွန်ခဲ့ သည့်နှစ်ကထက်စာလျှင် နီပေါ နိုင်ငံသားသည် ၂ ဆကျော်ပိုများလာခဲ့သည်။
- ဂျပန်နိုင်ငံတွင်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရသော်လည်းလူသားချင်းစာနာထောက်ထားမှုအရနေထိုင်ခွင့်ရရှိ
  သူဦးရေမှာ ၁၃၈ ဦးကျဆင်းပြီး ၃၆၃ ဦးရှိခဲ့သည်။
- ၂၀၁၀ ခုနှစ်တွင်ဂျပန်၌ခုံလှုံခွင့်ရသည့်နိုင်ငံခြားသားအရေအတွက်မှာ ၄၀၂ဦးရှိပြီး၎င်းအထဲတွင်မြန်မာလူမျိုး ၃၅၆ ဦးပါဝင်သည်။

Tuesday, March 1, 2011

ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်မျာ

 

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်...အခု ကျွန်တော် ပြောမယ့် နည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေး တွေ ကိုပဲ သုံးပြီးတော့ လုပ်တာပါ .. ရိုးရိုးလေး တွေ ချည်းပါပဲ ... အဲဒီ့ အချက်တွေကို မှန်မှန် ကလေး သာလုပ်ပေးပါ... ကိုယ့် ရဲက ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့ ..


၁။ disk cleanup ပြုလုပ်ခြင်း

disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့

                                                                temporary Internet files.
                                                downloaded program files
                                                Empty the Recycle Bin
                                                Windows temporary files

အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....

၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နုငိပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်
ကိုယ့် ကွန်ပျူတာမှာ ရှာချင်တာတွေ ရှိရင် အရင် ကထက်ပိုပြီးတော့ ရှာ နိုင်တာတို့ တခြား ဖိုင်တွေ ကနေပြီးတော့ မလိုတော့ဘူး ပြန်ထွက်တာတို့ဘာတို့ ဆိုရင် မီးလုံး လေး လှိမ်နေတာလေးတွေ
ဘာတွေ မြင်ဖူးမှာပါ .. အဲဒီလိုကလေးတွေမဖြစ်အောင်လည်း ဖြေရှင်းနိုင်ပါတယ်...ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...disk defrag လုပ်တာကို လည်း ကျွန်တော်ဒီနေရာ
ကလေးမှာ bat file ကလေးနဲ့လုပ်တာကလေးကိုပြထားဖူးပါတယ်...ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....

၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း

အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :P ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို R click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ ..
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် .. စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..
.Automatically fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ~~~~~~

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..

ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ့ .. အဆင်ပြေပါစေဗျာ ...
minkhatnaing မှကူးယူတင်ပြပါသည်....။