Sunday, June 12, 2011

ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်


ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်...(ရွှေမြိုင်အောင်)

''ပူနောင် ပူနောင် ဂျိမ်းဂျိမ် ဝါကာ ဝါ့ကာ ဟေး ဟေး'' သီချင်းက လေးနဲ့ ၄ နှစ်တကြိမ်ကျင်းပ နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးလည်း ပြီးသွားခဲ့ပါပြီ။
ဒီသီချင်းကို ရွှေမြိုင်အောင်စကြားစဉ်က မြန်မာ့ နတ်ဆိုင်းကို ကော်ပီကူးထားသလိုထင်မိတာကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကို မူပိုင်ခွင့်အတွက် အဆိုတော်ရှက်ကီရာကို တရားစွဲလျော်ကြေးတောင်းဖို့ အကြံပေးရင်ကောင်းမယ်လို့တွေးနေတုန်း 'ဂိုးဒင်း ဆောင်း'ဆိုတဲ့ ကင်မရွန်း အဆိုတော်အဖွဲ့ရဲ့ 'ဇန်ဂျီ လဲဝါ'သီချင်းကို တစိတ်တပိုင်းကော်ပီကူးထားတယ် ဆိုပြီး လျော်ကြေးပေးဖို့ တရားစွဲထားတယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့အကြံကို အကောင်အထည်မဖော်ဖြစ်ခဲ့ တော့ပါဘူးခင်ဗျာ။

အော်-ကမ္ဘာ့ ဖလားဘောလုံးပြိုင် ပွဲသီချင်းလဲ ကော်ပီကြီးပါလားခင်ဗျား။
အဲဒီလိုကော်ပီကိစ္စတွေဟာ ဒီနှစ်ရဲ့ ရှန်ဟိုင်းကုန် စည်ပြပွဲမှာ တမျိုးပြီးတမျိုး၊ မထူးပေမဲ့ဆန်းအောင် တွေ့မြင်ကြားသိနေရပါတယ်။
ကုန်စည်ပြပွဲ မြှင့်တင် ရေးသီချင်းက ဂျပန်မူရင်းသီချင်းကိုကော်ပီလုပ်တာ၊ ပြပွဲရဲ့လာဘ် ကောင်ရုပ်ဟာ အမေရိကန်တီဗွီစီးရီးဇာတ်ကောင်အရုပ်ကို ပုံစံပြောင်းထားတာ၊ နောက်ပြီး တရုပ်ပြည်ကပြခန်းတခုရဲ့အဝင်မဏ္ဍပ်ပုံစံ ဟာ စပိန်ကုန်စည်ပြပွဲတုန်းက ဂျပန်ရဲ့မဏ္ဍပ်ပုံစံကို ကူးထားတာဆိုပဲ။

တော်တယ်ဗျာ။ အတုလုပ်တဲ့နေရာမှာတော့ တရုပ်ကအရမ်းတော်၊ အရမ်း မြန်ပါတယ်။ ဒီလိုတော်လွန်းလို့ ရွှေနိုင်ငံတော်က ကြက်ဆူဘုရင်ကြီးနဲ့ နောက်လိုက်တွေ ''တရုပ်ကိုရိုသေ နန်းသက်ရှည်''ဆိုတဲ့ယတြာကိုစွဲ ကိုင်လို့ နိုင်ငံအရင်းမြစ် တွေကို အထူးလျော့ဈေးနဲ့ပဏ္ဏဆက်နေလေရဲ့။ ဟုတ်တယ်ဟုတ်...

မြန်မာပြည်ကကြက်ဆူဘုရင်နဲ့အဖွဲ့ဟာ တရုတ်ကိုကိုးကွယ်ချိန်မှာ ဂျပန်အစိုးရကလည်း တရုတ်နိုင်ငံသားတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး အုပ်စု လိုက်အလည်အပတ်ဗီဇာ(Group Tourist Visa)ကို ကန့်သတ်ချက်တွေ အများကြီးလျော့ပေါ့လို့ လွယ်လွယ်ကူကူထုတ်ပေးလေရဲ့။

ခရီးသွားဧည့်သည်ဖလှယ်ရေးအစီအစဉ်ကို တရုတ်နိုင်ငံနဲ့ပြုလုပ်ပြီး ချိန်ကစလို့ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာခဲ့တဲ့စာရင်းကို ကြည့်ကြည့်ပါ။ မနှစ်ကဆိုရင် တမြန်နှစ်ထက် ၁၂%ပိုခဲ့ပြီး ဒီနှစ်ဆိုရင် လည်း မနှစ်ကထက် ၁၄.၈%တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ တရုတ်ဘက်ကအဝင်ဦးရေတိုးလာပေမဲ့ အရင်တုန်းက ဂျပန်ကိုအလည် အပတ်များခဲ့တဲ့ တောင်ကိုရီးယားကတော့ စံချိန်ဟောင်း ၂၈.၅ ရာခိုင်နှိုန်းဝင်ရောက်ခဲ့ရာက ယခု ၂၃.၄ ရာခိုင်နှုန်းသာဝင်တော့သာကြောင့် ဂျပန်လည်း မြန်မာ လူရွှင်တော်ပြက်လုံးစကားလို 'တရားအားထုတ်-တရုပ်အားထား' နေရပြီလို့ ထင်ရပါတယ်။

တကယ်ဆိုရင် ဂျပန်ဟာ ကမ္ဘာပေါ်မှာ အခြေကျနေ ထိုင်သူတွေကို နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးမရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။
၂ဝဝ၆ ခုနှစ်ကဆို နိုင်ငံခြား သား ၇ သိန်း ၅ သောင်းကျော်ဟာ ဂျပန်မှာ ကျွမ်းကျင်လုပ်သား ပညာရှင်တွေနဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီပမဏာ ဟာ ဂျပန်တနိုင်ငံလုံးမှာအလုပ်လုပ်နေတဲ့ လုပ်သား အင်အားရဲ့ ၁.၁%သာရှိတယ်ဆိုတော့ အခြေကျနေ ထိုင်တဲ့ ကျွမ်းကျင်လုပ်သားအင်အား၈.၅%ရှိတဲ့ ဂျာမဏီ၊ ၁၅.၆%ရှိတဲ့ အမေရိကန်တို့နဲ့နှိုင်းယှဉ်ကြည့် ရင် ဂျပန်ရဲ့အနေအထားကိုသိနိုင်ပါတယ်။

ဂျပန်အစိုးရက လာမဲ့ဆယ်နှစ်အတွင်းမှာ ယခုရှိနေ တဲ့ ကျွမ်းကျင်လုပ်သားပမဏထက် လူဦးရေ ၂ သိန်း လောက်အထိတိုးပြီး ခွင့်ပြုဖို့ပြင်ဆင်နေပါတယ်လို့ ပြောလာပါတယ်။ နိုင်ငံခြားသားကျွမ်းကျင်လုပ်သား အင်အားတိုးချဲ့ခန့်ထားဖို့တခုတဲမဟုတ်ပဲ နောက် ၁ဝ နှစ်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ်မှာ တိုးရစ်အယောက်ပေါင်း သန်း ၂ဝ ကနေ ၂၅ သန်းအထိ ဝင်ရောက်လာနိုင်ဖို့ စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုလာပြန်ပါ တယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကဝင် ရောက်ခဲ့တဲ့ တိုးရစ်အရေအတွက်ထက် ၄ ဆလောက်ပို လာမယ်မဟုတ်ပါလားခင်ဗျား။ အဲဒီ ၂၅ သန်းလောက်ရှိတဲ့တိုးရစ်တွေ ဂျပန်ကိုဝင်လာရင် သူတို့ကြောင့်ရလာမယ့် ၁ဝ တြီလျံယန်းရနိုင်ပြီး အလုပ် အကိုင်အခွင့်အလန်း ၅ သိန်း ၆ သောင်းလောက်ပေါ်လာမယ်လို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေပါသတဲ့။ ကောင်းလှပါဘိ။

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဂျပန်မှာအခြေကျနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်ပေးခဲ့တဲ့အတွက် အရင်ကဥပဒေ ၁၈ ခုသာရှိခဲ့ရာမှ ယခုဆို ၂၇ ခုထိ တိုးလာခဲ့တယ်တဲ့ခင်ဗျ...
ပြင်ဆင်တိုးချဲ့လိုက်တဲ့အထဲက အများစိတ်ဝင်စားနှစ်သက်ခဲ့တာက ဗီဇာသက်တမ်းကိစ္စပါ။ အရင်ကဆို အခြေကျနေထိုင်ခွင့်ဗီဇာကို အများဆုံး သက်တမ်း(၃)နှစ်သာခွင့်ပြုခဲ့ပေမဲ့ အခုဆိုရင် ဥပဒေသစ်အရ ၅ နှစ်အထိ သက်တမ်းခံစားခွင့်ရှိလာမှာဖြစ်တဲ့အကြောင်းရယ်၊
နောက်တခုက ဂျပန် နိုင်ငံကနေ တခြားနိုင်ငံတခုခုကိုခေတ္တထွက်ခွာသွားခဲ့ရင် 'Re Entry' ပါ ပစ်ယူစရာမလိုပဲ ဝင်ထွက်သွားလာနိုင်တယ်ဆိုတဲ့ အချက်တွေပါတဲ့ခင်ဗျ။

စိတ်ပျက်စရာဥပဒေပြင်ဆင်ချက်က နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စပါ။ သိတဲ့အတိုင်း အရင်ကဆို နိုင်ငံခြားသားစီစစ်ရေးကဒ်ကို သက်ဆိုင်ရာမြို့ နယ်ရုံးက တာဝန်ယူပြုလုပ်ပေးပေမဲ့ ဥပဒေသစ်အရ လ.ဝ.ကရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှုနဲ့ပြုလုပ်မယ်ဆိုတာပါပဲခင်ဗျ။

ဂျပန်နိုင်ငံမှာရှိတဲ့ ဒေသဆိုင်ရာလ.ဝ.ကရုံးတွေမှာ နေ့စဉ် 'Re Entry' ပါပစ်ကိစ္စနဲ့ ဗီဇာသက်တမ်းတိုးကိစ္စပေါင်း အမှု ၅ဝ ကနေ ၁ဝဝ အထိ လက်ခံဖြေရှင်းပေးနေကြဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ ဥပဒေ သစ်အရဆိုရင် လ.ဝ.ကနဲ့အလုပ်တွေနည်းသွားပြီမဟုတ်လား။

ဂျပန်တ နိုင်ငံလုံးမှာရှိတဲ့ဒေသတွေက လ.ဝ.ကဝန်ထမ်း ၃,၅ဝဝ ဦး အလုပ်တာဝန် တွေလျော့နည်းသွားလို့ ရွှေနိုင်ငံတော်ကြီးက ဝန်ထမ်းတွေကို လက်ဖက် ရည်ဆိုင်ထိုင် ချဲတွက်လုပ်ဖို့အချိန်တွေရှိလာမလားလို့မထင်ပါနဲ့ခင်ဗျာ။

'ဂိုင်းဂျင်းကဒ်'လို့ခေါ်တဲ့ နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စကို ပိုပြီး တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါသတဲ့။ လုံးဝမအားစေရပါခင်ဗျာ။ ဂျပန်လေ ဂျပန်...။

သြော် ဂျပန်လေ ဂျပန်ဆိုလို့ ဒီအသုံးအနှုန်းကို ရွှေမြိုင်အောင် ''၂ဝ၁ဝ ရွေးကောက်ပွဲနဲ့သူတို့''ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးခဲ့စဉ်က သုံးခဲ့ဖူး ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းက ကရင်ဒုက္ခ သည်တွေကို ဂျပန်မှာအခြေချနေထိုင်ရန်အစီအစဉ်နဲ့ တနှစ်ကို အယောက် ၃ဝ နှုန်းနဲပ ၃ နှစ်စီမံကိန်း အယောက် ၉ဝ ခေါ်ဖို့ လုပ်နေတဲ့အကြောင်းပါ။

အဲဒီဆောင်းပါးထဲမှာ ဂျပန်အစိုးရက မယ်လဒုက္ခသည် စခန်းထဲမှာရှိတဲ့ ဒုက္ခသည်သိန်းချီရှိအထဲက သူတို့အင်တာဗျူးပြီး လူသား ချင်းစာနာခံရလို့ ရွေးပြီးကောက်ခဲ့တဲ့ ဖထီးသားလေးတွေကို သဘာဝဘေးအန္တရာယ်ထပ် ပြောရာ နာဂိုနိုခရိုင်မှာ အခြေကျနေထိုင်နိုင်အောင် စီစဉ်နေတယ်လို့ရေး သားခဲ့ပါတယ်။

အခုတော့ လူ ၃ဝ မဟုတ်တော့ပဲ ၃၂ ယောက်ပါတဲ့။ တိုးလာတဲ့ ၂ ဦးလည်း ဂျပန်အစိုးရရဲ့ လူသားချင်းစာနာခံလိုက်ရတဲ့ ကံထူးရှင်ပေါ့လေ။ မကြာမှီ အောက်တိုဘာလအတွင်းမှာ ဂျပန်ကိုရောက် လာမယ့် ဖထီးသားလေး မိသားစု ၆ စုဟာ ဂျပန်ရောက်ရင် အရင်ဆုံး တိုကျိုမှာ ၆ လလောက် ဂျပန်စကားနဲ့ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားရ မှာဖြစ်ပြီး သူတို့ကို ဂျပန်ပြည်ထဲက ဘယ်မြို့ရွာ၊ ဘယ်ဌာနကိုပို့မယ်ဆိုတဲ့ ကိစ္စကို အလျင်စလိုမဆုံးဖြတ်သေးကြောင်း သတင်းထုတ်ပြန်လိုက်တယ် လို့ ကြားသိရပါတယ်။

ဟုတ်ကဲ့... ဂျပန်လ.ဝ.ကရဲ့တံခါးကြီးကတော့ ဖွင့်တော့ထားပါတယ်။ အဲဒီ့ဝင်ပေါက်ဟာ ဂျပန်မှာအခြေကျနေထိုင်စေချင်တဲ့ ကျွမ်းကျင်လုပ်သား နိုင်ငံခြားသားအတွက်လား...။ သို့တည်းမဟုတ် ၂ဝ၂ဝ ခရီးသွားနှစ်မှာ ဝင်ငွေကောင်းအောင်အတွက်လားဆိုတာကိုတော့...
စာဖတ်သူများသာ ဆုံးဖြတ်တော်မူကြပါ။

...(ရွှေမြိုင်အောင်)
http://www.moethaukkye.co.cc/2010/08/blog-post_886.html မှကူးယူဖေါ်ပြသည်
(အဟောင်းလေးသာဖြစ်ပါသည်)

Friday, May 13, 2011

ချယ်ရီပန်းတွေကြွေခဲ့ပြီ.

ဂျပန်သမိုင်းမှာ ရာဇ၀င်တွင် စံချိန်တင် ပြင်းအား မဂ်နီကျု ၉ ရှိတဲ့ငလျင်ဟာ မတ်လ ၁၁ရက်နေ့က ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကမ်းခြေ
ဒေသကိုဗဟိုပြုလို့ လှုပ်ခတ်သွားခဲ့ပါတယ်...လှုပ်ခတ်မှုဟာ ဂျပန်ရဲ့ပင်မကျွန်းကို ၈ပေလောက်ရွေ့လျားစေခဲ့ပြီး ကမ္ဘာ​ရဲ့ဝင်ရိုးတန်းကိုလဲ
၎လက္မလောက်ရွေ့သွားစေခဲ့တယ်တဲ့ခင်ဗျ.....

ငလျင်ရဲ့နောက်ဆက်တွဲအဖြစ် အဲဒီနေ့မှာပဲ ဆူနာမီ ရေလှိုင်းလုံးကြီးတွေက ဂျပန်နိုင်ငံရဲ့အရှေ့မြောက်ပိုင်းကမ်းရိုးတန်းဒေသက မြို့တွေကို
တိုက်စားဖြိုဖျက်ခဲ့ပြန်ပါတယ် ..ကားတွေ ကွန်တိန်နာတွေ ရေလှိုင်းတွေထဲမှာမျောနေတာကို သတင်းတွေထဲမှာကြည့်ရ တွေ့ရတာ စိတ်မကောင်း
စရာမြင်ကွင်းပါ ခင်ဗျာ.....

မတ်လ ၁၁ရက်နေ့နောက်ပိုင်းမှာ ငလျင်အလတ်စားတွေ..အသေးစားတွေဟာ နေ့တိုင်းနီးပါးလိုလို အကြိမ်ကြိမ် လှုပ်နေဆဲပါ..အိပ်နေတုန်း
ကိုယ့်အိတ်ယာကို တိုက်မိလို့ လှုပ်သွားရင်ကိုပဲ ငလျင်လှုပ်တယ်လို့ထင်ပြီး ငုတ်တုတ်ထထိုင် ခဲ့ရတဲ့အထိ စိတ်တွေလဲဂယောင် ခြောက်ခြား
ဖြစ်ကုန်ပါရောခင်ဗျား .....

ဆန်တွေပြေးဝယ်စုကြ  ဖယောင်းတိုင်တွေ လက်နှိပ်ဓါတ်မီးတွေ တစ်ရှူးစက္ကူ ရေသန့်ဘူး အခြောက်အခြမ်းအသင့်စားစရာတွေ ပြေးဝယ်ကြနဲ့
ရွှေမြိုင်အောင်တို့လဲ ဂျပန်လူမျိုးတွေနည်းတူ စုဆောင်းရတာပေါ့ခင်ဗျာ ..ကျောပိုးအိတ်တလုံးမှာ လိုအပ်မဲ့ ပစ္စည်းတွေ ထည့်ထားပြီး အသင့်
ပြင်ထားရတယ်ခင်ဗျ...အရေးကြုံရင် အလွယ်တကူ ကောက်ယူပြေးရအောင်လို့ပါခင်ဗျာ....

ငလျင်နဲ့ ဆူနာမီကြောင့် ဆုံးရှုံးခဲ့ရတဲ့တန်ဘိုးငွေ ပမာဏကိုအတိအကျစာရင်းမရနိုင်သေးပါတဲ့ခင်ဗျ..သေဆုံးသုအားလုံးပေါင်း ၁သောင်း ၃ထောင်
ခန့်ရှိပြီး ပျောက်ဆုံးနေသူတွေနဲ့ပေါင်းရင် အားလုံးပေါင်း လူဦးရေ ၂သောင်း ၈ထောင်ဝန်းကျင်သေဆုံး ပျောက်ဆုံးစာရင်းထဲမှာထည့်ထားပါတယ်.....

ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ ငလျင်ဘေးခံရ ပြီး ချက်ချင်းဆိုသလိုပဲ ကမ္ဘာ့နိုင်ငံ တွေရဲ့ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအစီအစဉ်တွေကိုလက်ခံခဲ့
ပါတယ်..ရွှေနိုင်ငံမှာတော့ ဒါမျိုးလာမလုပ်နဲ့ မရဘူးနော် ..ငွေသာလာခဲ့ ကျန်တာမလာနဲ့သွား...မလိုချင်ဘူးလို့ မောင်းထုတ်ခဲ့တယ်မဟုတ်လား.....

ငလျင်နဲ့ ဆူနာမီခံ ဒေသကအသက်ရှင် ကျန်နေသူတွေကိုယာယီစခန်းလုပ်ထားတဲ့နေရာတွေမှာ နေထိုင်ဘို့စီစဉ်ပေးပြီး အစားအသောက်ထောက်ပံ့
ပေးတာတွေကိုတွေ့ရပါတယ် အလှူရှင်တွေပေးပို့လာတဲ့အစားအသောက်တွေကိုလဲ လုယက်တာမျိုးမရှိပဲ တန်းစီလို့..ဝေမျှလို့စားသုံးကြတာကို
တွေ့ရပါတယ်  ၀မ်းနည်း ကြည်နူးစရာပါခင်ဗျာ .....

ရွှေနိုင်ငံတော်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်သွားတုန်းက ရွှေနိုင်ငံသားတွေဟာ အလှူရှင်တွေကိုမျှော်ရတယ် ကားလမ်းတလျှောက်လမ်းဘေး ၀ဲယာ
တွေမှာစောင့်လို့ မျှော်ကြတယ် ..အလှူရှင်တွေလာရင် အတင်းတိုးဝှေ့ပြီးတောင်းတာ လုယက်တာတွေ အင်တာနက်ထဲကဓါတ်ပုံတွေ ဗီဒီယို ဖိုင်တွေ
မှာတွေ့ရတယ်  ၀မ်းနည်းစိတ်မကောင်းစရာပါခင်ဗျာ.....

ရွှေနိုင်ငံမှာက တဖွဲ့လာလှူပြီးရင် နောက်တဖွဲ့ဘယ်တော့လာမယ်မသေချာဘူးမဟုတ်လား ..ပိတ်ဆို့မှုအကန့်အသတ်တွေကလည်းရှိသေး သတဲ့
နောက်ပြီးကြက်ဆူဘုရင်လက်အောင်က သက်ဆိုင်ရာ အာဏာပြ အဖွဲ့အစည်းတွေက ရလာရင်ကိုယ့်အိတ်ထောင်ထဲ ကိုယ်အရင်ထည့်ကြတာ
ဆိုတော့ အလှူရှင်လာတုန်းလေးရသလောက်လုယူထားမှ တော်ကာကျမယ်လေ ..နေ့ဘို့ညစာကိုလည်းချန်ထားရဦးမယ်မဟုတ်လား နောက်ထပ်
လှူမဲ့သူမလာရင် ဘယ်သူကကျွေးမှာလဲ တဲ့သုတို့ အဖြေနဲ့သူတို့ကတော့ဟုတ်နေတာပဲ...ဟုတ်တယ်ဟုတ်.....

ဂျပန်မှတော့ အလှူရှင်မလာလဲ ဒေသအုပ်ချုပ်တဲ့အဖွဲ့တွေက စီစဉ်င်္ပေးမှာဖြစ်တဲ့အတွက် အချိန်တန်ရင် စားသောက်ဘို့ကရောက်လာမယ်ဆိုတာ
သူတို့ယုံကြည်နေကြတယ်ဆိုတော့ အိနြေ္ဒရတာပေါ့ဗျာ..ဒါဟာပြည်သူလူထုရဲ့ အစိုးရအပေါ်ယုံကြည်မှုနဲ့သက်ဆိုင်တယ်လို့ ရွှေမြိုင်အောင်ပြော
လိုပါတယ်ခင်ဗျား.....

ဘေးဒဏ်ခံဒေသတွေမှာ အခုပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဘို့ ငွေလိုလာပြီ ..အဲဒီလိုငွေတွေအတွက် အစိုးရက ငွေရပေါက်တွေရှာလာ
တယ် အခွန်တိုးကောက်တာမျိုး အပါအ၀င် အပိုဆောင်းငွေထုတ်ပေးဘို့ကိစ္စတွေအထိ အထက်လွှတ်တော် အောက်လွှတ်တော် တွေမှာဆွေးနွေးကြ
ညှိနှိုင်းကြဲငင်းခုံကြနဲ့ ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ မအားရပါခင်ဗျား.....

ရွှေနိုင်ငံတော်မှာတော့ ဒီလိုမျိုးကိစ္စအတွက်တော့ လွှတ်တော်လဲခေါ်စရာမလိုသလို ..လွှတ်တော်ထဲမှာလဲဆွေးနွေးမဲ့ပုံမပေါ်ပါဘူး ..လွှတ်တော်မရှိလို့ပါ
လို့မပြောပါနဲ့ခင်ဗျာ ..လွှတ်တော်ရှိရင်တောင်ဒီ့ထက်အရေးကြီးကိစ္စ`တွေ ရှိနေတယ်လို့ပြောပါလိမ့်မယ် .....
ကြက်ဆူဘုရင်ကြီးဆီကနေ ဘတ်ဂျက်ချပေးဘို့တောင်းဆိုရင် စစ်အသုံးစားရိတ်တောင်မလောက်လို့  အကြွေးတွေဝိုင်းနေတယ်လို့ပြောလေမလားမသိ
ပါခင်ဗျာ.....

နာဂစ်ဒဏ်ခံဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လုပ်ငန်းရှင်ကြီးတွေကို ရွှေနိုင်ငံမှာ ဘော်လုံးအသင်းတွေဖွဲ့ခိုင်းပြီး တာဝန်ယုခိုင်း
သလိုမျိုး အားကစားအဖွဲ့ချုပ်ဥက္ကဌ အဖြစ်တာဝန်ယူခိုင်းသလိုမျိုး  သဘာဝဘေးဒဏ်ခံရတဲ့ဒေသတွေမှာ မြို့နယ်အလိုက် ..ဇုံအလိုက် လွတ်နေတဲ့မြေ
ကွက်တွေမှာ  အိမ်ဆောက်ပေးပြီး ရောင်းစားကြပေတော့လို့ ခွဲတမ်းပေးလိုက်ရင် ကွမ်း၂ယာမညက်ခင်မှာပဲသူတို့ အားလုံးအဆင်ပြေသွားမဲ့ စီမံကိန်းကြီး ရေးဆွဲခဲ့တာမဟုတ်ပါလားခင်ဗျာ .....

ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ ငလျင်ဘေးခံရတဲ့ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းလုပ်ပြီး အဲဒီဒေသတွေမှာ လုပ်ငန်းတွေပုံမှန် အသားကျလည်
ပတ်နိုင်ဘို့အချိန်ယူရမှာဖြစ်သတဲ့ ..သက္ကရာဇ် ၂၀၂၀ ခုနှစ်လောက်မှပဲ ယခင်လိုပုံမှန်အနေအထားကို ပြန်မြင်ရမှာပါလို့ မျှော်လင့်ကြတယ်တဲ့...ကွာခြား
သွားပြီနော်..အများကြီးကွာခြားသွားပြီ ..ရွှေနိုင်ငံတော်ကြီးနဲ့ အများကြီးမှ အများကြီးကို ကွာခြားသွားခဲ့ပြီ.....

ဂျပန်မှာဆုနာမီကြောင့် သေပျောက်ဦးရေ သောင်းဂဏန်းပဲရှိတယ် ရွှေနိုင်ငံမှာနာဂစ်မုန်တိုင်းကြောင့် သေပျောက်ဦးရေ သိန်းချီခဲ့တယ် အိုးမဲ့အိမ်မဲ့ ဖြစ်
သွားသူတွေကအများကြီး ကျန်ခဲ့ရတယ် ..ရွှေနိုင်ငံထုတ်သတင်းစာတွေထဲမှာ ရေဒီယို တယ်လီဗေးရှင်းသတင်းတွေထဲမှာ နာဂစ်မုန်တိုင်းခံဒေသတွေမှာ
ကြက်ဆူဘုရင်ကြီးရဲ့ လမ်းညွှန်မှုအတိုင်း ပြန်လည်တည်ဆောက်ရေးတွေလုပ်ခဲ့ရာမှာ အချိန်တိုအတွင်း လျှင်မြန်စွာလုပ်ဆောင်နိုင်ခဲ့လို့ အခုဆို လမ်းပန်း
ဆက်သွယ်ရေးကအစ လုပ်ငန်းတွေပုံမှန် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ ၁နှစ်ကျော်က သတင်းထုတ်ခဲ့တယ်ခင်ဗျ.....

ဒါဆိုရင်မုန်တိုင်းသင့်ခံရပြီး ၁နှစ်ကျော် ၂နှစ်မပြည့်မီ မှာပဲအားလုံး နေသားတကျ ပြန်ဖြစ်သွားပြီလို့ယူဆလိုက်ပါမယ်.. အံ့ဘွယ်သူရဲ အရမ်းမြန်တယ်နော်
.. ဒီအတိုင်းဆိုရင် ဂျပန်တွေအနေနဲ့ ကြက်ဆူအုပ်စုဆီမှာ ဘယ်လိုစီမံကိန်းများချမှတ်လုပ်ဆောင်ပါသလဲလို့ သွားရောက်မေးမြန်းပြီးတပည့်ခံသင့်တယ်လို့
ရွှေမြိုင်အောင်တိုက်တွန်းချင်ပါတယ် .....

နာဂစ်မုန်တိုင်းတိုက်ပြီးတာအခုဆို ၃နှစ်ပြည့်ပြီးသွားခဲ့ပါပြီ မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ စာသင်ကျောင်းမလုံလောက်မှု သောက်သုံးရေမလုံလောက်မှု
အလုပ်အကိုင်အခက်အခဲ စတာတွေအများကြီးရှိနေဆဲပါ ..လယ်ကန်သင်းရိုးပြတ်တွေပေါ်မှာလူတွေ လမ်းလျှောက်လို့ရနေရင် .. ချိုင့်ခွက်တွေအပြည့်နဲ့  မြေသားလမ်းတွေပေါ် စက်ဘီးတွေ ဆိုင်ကယ်တွေ နွားလှည်းတွေ ထော်လာဂျီတွေ  တဂုံးဂုံး တဂွမ်းဂွမ်းနဲ့  သွားနေရင် ..မြစ်ချောင်းတွေထဲမှာ လှေငယ်လေး
တွေလှော်ခတ်သွားနေရင် ပဲ ကုန်းလမ်းရေလမ်း လမ်းပန်းဆက်သွယ်ရေး ပုံမှန်ပြန်ဖြစ်နေပြီလို့ ကြက်ဆူအုပ်စုက သူ့အဆင့်နဲ့သူသတ်မှတ်လိုက်တယ်
ထင်ပါရဲ့ခင်ဗျာ.....

မုန်တိုင်းခိုအဆောက်အဦးနဲ့ အိမ်အနည်းအကျဉ်းဆောက်ပြီးရောင်းရုံ.. လယ်ကွင်းထဲမှာလယ်စောင့်တဲတွေပြန်တွေ့မြင်ရရုံနဲ့ နေစရာအတွက် ပြည့်စုံပြီ
လို့ယူဆတယ်ထင်ပါတယ်..မြစ်တွေချောင်းတွေထဲမှာ ငါးရှာသူတွေ တွေ့မြင်ရရုံ ..ချဲထီ နှစ်လုံးထီ လောင်းကစားလုပ်ငန်းတွေကိုမြင်တာနဲ့ စီးပွားရေး
လုပ်ငန်းတွေပြန်လည်ပတ်နေပြီ အလုပ်အကိုင်တွေ ပေါနေပြီလို့ သတ်မှတ်ခဲ့တယ်ဆိုရင်တော့ ..ကြက်ဆူအုပ်စုရဲ့ အဆင့်အတန်းနဲ့ စေတနာကို အဆင့်
သတ်မှတ်ထားလို့ရပါတယ်ခင်ဗျား.....

ရွှေနိုင်ငံရဲ့နှစ်သစ်ကူးတန်ခူးလမှာပွင့်တဲ့ ပိတောက်ပန်းတွေလဲ ပွင့်ကြွေခဲ့ပြီး နှစ်ကူးအချိန် လဲလွန်ခဲ့ပါပြီ် ခင်ဗျာ..မေလလယ်ဆိုရွှေနိုင်ငံတော်မှာ ပြက္ခဒိန်
အလိုအရ မုတ်သုန်အ၀င် မိုးရာသီရောက်ပါတော့မယ် ..ဂျပန်မှာလဲ ဆာကူရာ ခေါ်ချယ်ရီပန်းတွေ ပွင့်ကြွေချိန်ကျော်လွန်လို့ အပင်ထက်မှာ အရွက်တွေ
တဖန် ဖူးသစ်ခဲ့ပါပြီ.. ချယ်ရီပန်းတွေပွင့်ချိန်ဟာ ဂျပန်မှာ ဒေသတခုနဲ့တခု အချိန်ကွာခြားပါတယ် ...ဒေသတခုချင်းရဲ့အပူချိန် ကွာခြားချက်ကြောင့်ပါတဲ့
ခင်ဗျာ.....

ချယ်ရီပန်းတွေပွင့်တဲ့မြို့ရွာဒေသတွေမှာ အတီးအမှုတ်အကအခုန်တွေ.. အစားအသောက်ရောင်းချတာတွေနဲ့အတူ ပန်းကြည့်ပွဲ ပျော်ပွဲရွှင်ပွဲတွေကို ပျော်
ပျော်ပါးပါးဆင်နွှဲလေ့ရှိကြပါတယ်...ဒီနှစ်တော့ ငလျင်နဲ့ဆူနာမီ ဒဏ်ခံရသူတွေကိုကိုယ်ချင်းစာစိတ်နဲ့  ချယ်ရီပန်းကြည့်ပွဲတွေကျင်းပတာကို ဒီနှစ်ထဲ မှာရွှေမြိုင်အောင် သိရသလောက် လုပ်တာကိုမတွေ့ရပါခင်ဗျာ.....

နှစ်စဉ်နှစ်တိုင်း  ချယ်ရီပန်းကြည့်ပွဲတွေကျင်းပရင် ပျော်ရွှင်နေကြတဲ့ ဂျပန်မိသားစုတွေကို တွေ့မြင်ရတာ ကြည်နူးစရာတခုလို့ ရွှေမြိုင်အောင် ရင်ထဲမှတ်
ထားပါတယ် ..ဒီနှစ်မှာ ကြည်နူးစရာမြင်ကွင်းကို ..ချယ်ရီပန်းတွေလဲကြွေခဲ့ပြီမို့ မြင်တွေ့ခွင့်ရတော့မှာမဟုတ်ပေမဲ့ ..နောင်လာမဲ့နှစ်တွေမှာ တွေ့ရပါစေကြောင်း ရွှေမြိုင်အောင် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ.....

(ရွှေမြိုင်အောင်)

Thursday, May 5, 2011

ယုံကြည်မှုအရအပ်နှံခြင်း၏နောက်

လောကကြီးမှာမမှားသောရှေ့နေ၊မသေသောဆေးသမားဆိုတဲ့စကားပုံရှိတယ်ဆိုပေမဲ့၊ဒီကနေ့ဂလိုဘယ်လိုင်ဇေးရှင်းခေတ်ကြီးမှာ ဆေးဆရာမှားသောကြောင့်
လူနာသေဆိုတာတွေကျယ်ကျယ်လောင်လောင်ကြားလာရပါတယ်...သေနေ့စေ့နေတဲ့လူနာကိုသွားကုမိတော့ ဆရာဝန်နာမည်ပျက်တာပေါ့လို့ပြောလို့ရပေမဲ့..
တကယ်သေနေ့မစေ့ပဲ မသေသင့်တဲ့လူနာသေခဲ့ရတဲ့ဖြစ်ရပ်ဂျပန်မှာဖြစ်ပေါ်ခဲ့ပါသော်ကောဗျာ.......

လူုနာသေဆုံးခဲ့တာက ၂၀၀၆ ခုနှစ်ကဖြစ်ပြီး..မနှစ်က ရွှေဂုံတိုင်အထူးကုဆေးခန်းမှာ မခိုင်ရွှန်းလဲ့ရည် ဆုံးပါးသွားအောင်ခွဲစိတ်ပေးခဲ့တဲ့ ရွှေနိုင်ငံတော်က
ဆရာဝန်နဲ့ လုပ်ကိုင်ပုံလေးတွေတူနေတာကိုတွေ့လိုက်ရတယ်ခင်ဗျ...ဇာတ်လမ်းကဒီလိုပါတဲ့........

Nara ခရိုင်Yamatokoriyama မြို့ကနှလုံးသွေးကြောရောဂါအထူးကု ဆရာဝန် Fumio Yamamoto (၅၂နှစ်)နဲ့အတူ အဆုတ်ခွဲစိတ်ဆရာဝန်Yasukiho
Tsumamoto (၅၄နှစ်)တို့ဟာ ၂၀၀၆ ဇွန်လ ၁၆ ရက်နေ့မှာ အသက် ၅၁ နှစ်အရွယ်ရှိ လူနာတယောက်ကို၊အသည်းမှာရှိနေတဲ့အကြိတ်တခုကိုခွဲစိတ်ကုသခဲ့ကြ
တယ်တဲ့...ခွဲစိတ်ကုသမယ်ဆိုပေမဲ့လည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ သွေးသွင်းဘို့တွေကအစ ဘာမှသေသေချာချာမလုပ်ခဲ့ဘူးဆိုပဲ..တူလိုက်တာနော်
ရွှေနိုင်ငံတော်ကဆရာဝန်နဲ့တူတာမှတထပ်တည်းပဲ...အသည်းကိုခွဲစိတ်တာကိုတောင် “ဒါလွယ်လွယ်လေးပါ”လို့ပြောသေးတယ်တဲ့.....

တကယ်ဆို ဒီလိုခွဲစိတ်မှုမျိုးအတွက် ဆရာဝန် ၇ယောက် ဂယောက် ထက်မနဲပါဝင်ရမှာဖြစ်ပြီး၊သွေး ၂လီတာလောက်ကိုလဲလိုအပ်ရင်သွင်းဘို့အရန်သင့်
ဆောင်ထားရပါလိမ့်မယ်..သာမန်ဝမ်းခေါင်းပိုင်းဆိုင်ရာရောဂါခွဲစိတ်ဘို့အတွက်ဆိုရင် သွေးတစ်လီတာခွဲလောက်နဲ့အဆင်ပြေနိုင်ပေမဲ့ အသည်းကျတော့ သွေး
ကြောတွေအလွန်များလို့ လိုအပ်တာနဲ့ ဟောကနဲ..ဟောကနဲ သွင်းပေးနိုင်အောင် ပိုပြီးဆောင်ထားရတာဖြစ်ပါတယ်....

ခွဲစိတ်ဆရာဝန်ရဲ့တာဝန်ယူမှုကင်းမဲ့တာကတော့သြချလောက်ပါရဲ့ဗျာ ..လူနာကိုခွဲစိတ်ဖြတ်တောက် ပြန်ချုပ်ပေးပြီးကတည်းကနေထွက်သွားလိုက်တာ.....
လုနာကသွေးထွက်လွန်ပြီး ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်လာလို့ သူနာပြုကပဲ ကြက်ခြေနီသွေးလှူဘဏ်ကိုဖုန်းဆက် ..သွေးသွင်း ..သူလုပ်နိုင်သလောက်လုပ်ပေး
ခဲ့ပေမဲ့...ဟုတ်ကဲ့ ၀မ်းနည်းစရာပါ ..လူနာခမျာခွဲစိတ်ပြီး လေးနာရီခွဲအကြာမှာ ဆုံးပါးသွားခဲ့ရှာပါတယ်.....

လူနာသွေးထွက်လွန်ချိန်မှာ သူနာပြုက ဆရာဝန်ထံကိုဖုန်းဆက်ပြီး  လူနာရဲ့အခြေအနေမကောင်းကြောင်းပြောဘို့ကြိုးစားပေမဲ့ ဆရာသမားကဖုန်းမကိုင်ဘူးဆိုပဲ
ရွှေနိုင်ငံတော်ကဆရာဝန်အချို့နဲ့သိပ်မကွာဘူးနော်..ရွှေမြိုင်အောင် တို့ဒေသစကားနဲ့ဆို “တူမှတူ..တူမှတူပဲကွယ့်”လို့ဆိုတာမျိုးပေါ့.....

ဆေးရုံကနေသေတမ်းစာထုတ်တဲ့အသုံးအနှုန်းကလဲတူနေပြန်ရောဗျို့..ဘယ်လိုတူသလဲဆိုတော့ သေဆုံးသူလူနာရှင် မိဘတွေကို လူနာဟာနှလုံးရောဂါရှိလို့
နှလုံးရှော့ဖြစ်ပြီးသေရတာ လို့အကြောင်းပြန်ပါတယ်..တူတယ်ဟုတ် ....ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေအရ လူနာဟာခွဲစိတ်ကုသခံရမှုကြောင့်သေဆုံးခဲ့ရတာဖြစ်
ပြီး..အသည်းမှာအကြိတ်ဖြစ်နေတာမှန်ပေမဲ့ ကျွမ်းကျင်မှုမရှိတာကြောင့် အသည်းရဲ့သွေးပြန်ကြောကိုထိခိုက်မိကာ သွေးထွက်လွန်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်
လို့အဖြေထွက်ပါတယ်.....

Yamamoto ကသူ့မှာအပြစ်မရှိဘူးလို့ငြင်းနေပေမဲ့နောက်တဦးဖြစ်တဲ့Tsukamoto ကတော့အပြစ်ရှိကြောင်းဝန်ခံပါတယ် ..ဒီနှစ်ဇန်နာဝါရီလထဲမှာ Nara ခရိုင်
တရားရုံးက Yamamoto ကို၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လုမှုရေးအသင်းတခုကနေ ဂျပန်ယန်းငွေ ၈.၃ သန်းကိုကလိမ်ကကျစ်ကျတဲ့အမှုနဲ့
ထောင်ဒဏ် ၂နှစ်ခွဲချမှတ်ခဲ့ပေမဲ့လဲ ငိုပြအသနားခံလို့ ဇန်နာဝါရီလ ၁၈ ရက်နေ့ကအာမခံနဲ့လွှတ်ပေးထားရာကအခုလိုပြန်ဖမ်းခဲ့တာဖြစ်သတဲ့.....

ဇာတ်လမ်းလေးဆက်လိုက်ကြရအောင်...ဒီလိုဆိုရင် ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာ ဆေးကောင်စီက ပတ်သက်ခဲ့တဲ့ဆရာဝန်ကိုအမြန်စစ်ဆေး..
ဆ.မ လက်မှတ်ကို ၅နှစ်သိမ်းဆိုတဲ့ပြစ်ဒဏ်ကိုမြန်မြန်ဆန်ဆန်ချမှတ်ခဲ့တာပဲရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးမရှိခဲ့ပါဘူး...သူ့နိုင်ငံသူ့ဥပဒေပေါ့ဗျာလို့
ပြောချင်သပဆိုပြောလို့ရပါတယ်..ဂျပန်မှာ ၂၀၀၆ ကဖြစ်ခဲ့တဲ့အဲဒီကိစ္စကို အခုမှရဲကစပြီးဖမ်းတုန်းရှိသေးတယ်..အမှုရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ဟာဘယ်လို
ရှိမယ်ဆိုတာအခုချိန်မှာမသိနိုင်သေးဘူးပေါ့နော်.....

ဘာပဲပြောပြော ဆရာဝန်ဆိုတဲ့သမား အပေါ်ယုံကြည်မှုအရ ၊ရောဂါပျောက်ကင်းလိုတဲ့အတွက်  မိမိခန္ဒာကိုယ်ကို အပ်နှံမိတဲ့လူနာကို ဒီလိုဖြစ်စေတာက..
ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာရယ်..လူတယောက်ရဲ့အသက်ကိုဆုံးပါးစေတာရယ်ဖြစ်လေတော့ ဂျပန်မှာဥပဒေအတိုင်းဆို ထောင်ကျဘို့ရာခိုင်နှုန်းများ
တယ်လို့ ပွစိပွစိပြောသံတွေကြားရပါတယ်.....

ရွှေနိုင်ငံတော်ရဲ့ ရွှေဂုံတိုင်အထူးကုဆေးခန်းပိုင်ရှင်များက သေဆုံးသူ မခိုင်ရွှန်းလဲ့ရည် ရဲ့မိသားစုကိုတောင်းပန်ခဲ့ပြီး ငွေကြေးအချို့နဲ့လျှော်ကြေးပေးကာ
သုတို့ရဲ့ဆေးခန်းမှာလုနာတွေဝင်လာမစဲတသဲသဲ ဆက်လက်ဖြစ်နေပေမဲ့ ..ဂျပန်ကအဲဒီဆေးရုံကတော့ လူယုံကြည်မှုကင်းမဲ့သွားတဲ့နောက်....
ဒေ၀ါလီခံဘို့ပြင်ဆင်နေကြောင်းပါတဲ့ခင်ဗျား.....

( ရွှေမြိုင်အောင်)

Sunday, April 24, 2011

ရာပြည့်မွေးနေ့ပွဲကိုစိတ်ကူးကြည့်တဲ့အခါ

အခုရက်ပိုင်း လပိုင်းဂျပန်သတင်းတွေထဲမှာ အသက်ရာကျော် ဂျပန် ဖိုးဖိုးဖွားဖွား ၂၈၁ယောက်ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းဟာ ရွှေမြိုင်အောင်
အတွက်အထူးအဆန်းဖြစ်စေခဲ့ပါတယ် ....လူဦးရေစာရင်းဇယားပြုရာမှာ အရမ်းကိုသေချာပါတယ်လို့သတ်မှတ်ခံရတဲ့ ဂျပန်မှာဒါမျိုးဖြစ်တယ်ဆိုတော့
အံ့ဖွယ်တစ်ပါး မဟုတ်ပေဘူးလားခင်ဗျာ .....

ဒီနေ့ခေတ်မပြောနဲ့ ကမ္ဘာစစ်အတွင်းကကျဆုံးပျေက်ဆုံးခဲ့တဲ့သူတွေကိုတောင် နာမည်နဲ့တကွ လူပျောက်ရှာ ..အရိုးကောက်လုပ်နိုင်ခဲ့တာကို ကြည့်ရင်ပဲ
ဂျပန်ရဲ့စေ့စပ်သေချာမှုအတိုင်းအတာကိုသိနိုင်ပါတယ် .....

ဒါလေးများ ..ရွှေမြိုင်အောင်ရယ် ..ကမ္ဘာစစ်တုန်းကဆိုတာ စစ်မှုထမ်းတာလေ ..စစ်သားဆိုတော့ ကိုယ်ပိုင်နံပါတ်.. နာမည် ..တိုက်ပွဲသွားတဲ့စစ်မျက်နှာပြင်
တို့ကို တိုက်ဆိုင်စစ်ဆေးရင် ..အဖြေရှာလို့ရတာပေါ့ကွာလို့ပြောလာရင်လဲ......မိမိရဲ့ဆန္ဒအတိုင်းပါ ရွှေမြိုင်အောင် မည်သို့မျှမငြင်းလိုပါခင်ဗျာ .....

အဲဒီလိုပျောက်ဆုံးနေတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘယ်သူတွေကများဖမ်းဆီးသွားပါသလဲ ..ဘယ်သူကများ တနေရာမှာ ရာစုဟောင်းကလူများဆိုပြီး မြို့ရွာတည်
ပေးနေသလား..ဒါမှမဟုတ်ပြန်ပေးဆွဲသမားတွေက ခေါ်သွားသလား ဆိုပြီး တွေးထင်စရာပါ .....

တကယ့်ဖြစ်ရပ်ကဒီလို ...အမှန်တကယ်အသက်ရှင်လျှက်ရှိနေမယ်ဆိုရင် အသက် ၁၁၁နှစ်ရှိမှာဖြစ်ပြီး တိုကျိုမှာအသက်အကြီးဆုံးဖိုးဖိုးလို့ အမည်တွင်မဲ့
Sogen Kato ရဲ့ ခန္ဓာကိုယ် အရိုးစုကိုရဲတပ်ဖွဲ့ကရှာဖွေတွေ့ပြီးနောက် ..သေဆုံးခဲ့မှုဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ..၃၀ လောက်ကတည်းကဖြစ်နိုင်ကြောင်း
စစ်ဆေးခဲ့ပြီး မကြာမီ ..အသက် ၁၁၃နှစ်ရှိပြီဖြစ်လို့ မြို့တော်ရဲ့အသက်အကြီးဆုံးဖွားဖွား Fusa Furuya ကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကတည်းက မတွေ့
ရတော့ဘူးလို့ မိသားစုဝင်တွေကပြောခဲ့ရာကစ  ..တနိုင်ငံလုံးမှာရှိတဲ့သက်ကြီးရွယ်အိုတွေကိုရှာဖွေစာရင်းပြုစုဘို့ ကမန်းကတန်းလုပ်ကြရောတဲ့ .....

ပျောက်သောသူရှာရင်တွေ့ဆိုတဲ့စကားဟာ အခုလိုကိစ္စအတွက်ချွင်းချက်ဖြစ်ပါလိမ့်မယ် ...ဒီလိုရှာတဲ့အခါကျတော့ ပျောက်နေတဲ့ ဖိုးဖိုးဖွားဖွား တွေစာရင်း
ကပေါ်လာရောဗျို့...လူတွေကိုတော့မတွေ့ရတော့ဘူး ..အဲဒီထဲကတူတာတွေကိုစုကြည့်လိုက်တော့  ..အချို့သက်ဆိုင်ရာမြို့နယ်ရုံးတွေက ဖိုးဖိုးဖွားဖွား
တွေပျေက်ဆုံးနေတာကိုသိပေမဲ့  နောက်တဆင့်လုပ်စရာကိစ္စဖြစ်တဲ့ နေထိုင်ကြောင်းမှတ်ပုံတင်စာရင်းကနေဖျက်ပစ်ဘို့ မလုပ်ခဲ့ကြဘူးလို့ဆိုပါတယ် .....

အခြားတူရာအုပ်စုမှာတော့ မိသားစုဝင်တွေကရဲဌာနကို လူပျောက်ကြောင်းတိုင်ကြားခဲ့ပေမဲ့ သက်ဆိုင်ရာမြို့နယ် ရုံးတွေကိုသတင်းမပို့လို့ မြို့နယ် ရုံး တွေ
ကမသိခဲ့ရတာတွေလဲရှိပါတယ်တဲ့ခင်ဗျ ....

နာရမြို့ကအဖြစ်အပျက်ဆိုရင်  လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀တုန်းက အမျိုးသမီးကြီး တဦးပျောက်ဆုံးခဲ့လို့ မိသားစုဝင်တွေကရဲကိုအကြောင်းကြားပါတယ်တဲ့ ...
အခုနှစ်မေလက ထိုအမျိုးသမီးကြီး ဟာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့အတွက် မြို့နယ်ရုံးကလက်ဆောင်ပေးဘို့အတွက် လိပ်စာအတိုင်းဆက်သွယ်ကြည့်
တော့မှ အဲဒီဖွားဖွား ပျောက်ဆုံးနေတာကိုသိရောတဲ့ ...

အဲဒီဖွားဖွား နဲ့သက်ဆိုင်တဲ့ပင်စင်ခံစားခွင့်ငွေကိုအဲဒီဖွားဖွား ရဲ့အမည်ပေါက် ငွေစာရင်းထဲ ၁၉၇၅ ဇွန်လကနေ ၁၉၉၅ဇွန်လအထိ ထည့်ပေးခဲ့တယ်တဲ့ခင်ဗျာ
..ဒီငွေတွေကိုဘယ်သူတွေထုတ်သုံးသလဲ ..ဘာကြောင့်လူပျောက်ကြောင်းမြို့နယ်ရုံးကိုအကြောင်းမကြားသလဲ ဆိုတာကို ရွှေမြိုင်အောင် အတွေးထဲမှာ
ရေးရေးကလေးပေါ်လာခဲ့ပါတယ် ..မပြောတာပဲကောင်းတယ် ..ဟုတ်တယ်ဟုတ် .....

ဂျပန်မှာသက်ကြီးရွယ်အိုတွေကိုစာရင်းပြုစုဘို့ Community Walfare Volunteers တွေထားရှိသတဲ့ ..အဲဒီ Volunteer တဦးစီဟာ  အိမ်ထောင်စု ၄၄၀ အထိ
အမြင့်ဆုံးစာရင်းပြုစုရန် အစိုးရကသတ်မှတ်ပေးထားပေမဲ့  တကယ်တန်းအချို့ Volunteer အချို့မှာ အိမ်ထောင်စု ၂၀၀၀ အထိစာရင်းကို မနိုင်ဝန်ထမ်းပြီး
လုပ်နေရတယ်လို့ ထုတ်ပြောလာကြပါတယ် .....

ရွှေနိုင်ငံတော်ကြီးမှာလည်း မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့လို Volunteer အဖွဲ့ကိုစာရင်းလာပေးထားတဲ့ အသက်ရာကျော်ဖိုးဖိုး ၁၃ဦး ဖွားဖွား ၄၄ဦး သံဃာ
၂ပါး သီလရှင် ၁ပါးရှိပြီး  စာရင်းမပေးပဲအသက်ရာကျော်ရှိသူတွေလဲရှိနိုင်ပါသေးတယ် ..အဲဒီအထဲကမှ မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာ
က ကျေးရွာဘုန်းတော်ကြီးကျောင်းမှာမှီတင်းနေထိုင်တဲ့ဒေါ်မြကြည်ဟာ ၁၂၅၄ခု(၁၈၉၂ခု) သီတင်းကျွတ်လဆန်း ၁ရက်နေ့မှာမွေးဖွားတဲ့အတွက်
အခုဆိုရင် အသက် ၁၁၈နှစ်ရှိနေပါပြီ  .....

၁၈၉၆ ခု ဖေဖေါ်ဝါရီလ ၁၆ရက်နေ့မှာမွေးတဲ့ပြင်သစ်လူမျိုး Eugenie Blanchard ဟာ အသက် ၁၁၄နှစ်နဲ့ လက်ရှိကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်
နေရာယူထားပါတယ်  ဒါပေမဲ့ဖွားဖွားဒေါ်မြကြည်ဟာ Eugenie ထက် ၄နှစ်ခန့်ပိုကြီးတာမို့ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်သတ်မှတ်ခံရနိုင်ဖွယ်
ရှိတယ်လို့သိရတော့ မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ ရွှေမြိုင်အောင် ဂုဏ်ယူမိပါတယ်ခင်ဗျာ.....

ဒါ့အပြင်ဖွားဖွားဒေါ်မြကြည် မှီခိုနေထိုင်နေတဲ့ဘုန်းကြီးကျောင်းကို ကြက်ဆူဘုရင်ရဲ့လက်ပါးစေတွေဖျက်လိုဖျက်စီး မပြုစေဘို့ဘုရားမှာဆုတောင်း
ပေးရပြန်ပါတယ် ..ဟုတ်တယ်လေ ရွှေနိုင်ငံတော်မှာ ကြက်ဆူဘုရင်ရဲ့လုတွေက မထင်ရင်မထင်သလို သံဃာတော်တွေကိုအတင်း သိက္ခာချ ..လူဝတ်လဲ
ခိုင်း..ဖမ်းဆီးနှိပ်စက် တာတွေ ..ရွှေတိဂုံဘုရားပရ၀ုဏ်အတွင်းရှိတဲ့ ကျောင်းတိုက်အချို့ကသံဃာတွေကိုလဲ ၀ါတွင်းကာလထဲမှာတောင် အတင်းနေရာရွှေ့
ခိုင်းလုပ်နေတာ ..ကြက်ဆူအုပ်စုအမုန်းကြီးမုန်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖျားဆွတ်နာမည်တူတဲ့ဖွားဖွားဒေါ်မြကြည်ကိုလဲ မကြည် ..မကြည် ..
မကြည် ဆိုတဲ့ နာမည်အကြောင်းပြချက်ကြောင့် ဘုန်းကြီးကျောင်းကို မနှောင့်ယှက်ဘူးလို့အာမမခံနိုင်ဘူးမဟုတ်လား .....

ကြက်ဆူအုပ်စုက သံဃာတော်တွေ ကျောင်းတိုက်တွေနဲ့ သာဿနိကအဆောက် အအုံတွေကိုလုံးဝအလစ်ပေးတာမဟုတ်ဘူး အမြဲစောင့်ကြည့်နေတာ ...
၈၈၈၈ အရေးတော်ပုံတုန်းက မော်လမြိုင်မြို့ရဲ့အဓိကသပိတ်စခန်းဟာ ကျိုက်သုတ်ဘုရားပရ၀ုဏ်မှာစခန်းတည်ပါတယ် ...ကျိုက်သုတ်ဘုရားလမ်းနဲ့
အနီးဆုံးထားဝယ်တံတားလမ်းနဲ့ ဗဟိုလမ်းဆုံနေရာမှာ ဆန္ဒပြသူတွေကိုစစ်တပ်ရဲ့ တစ်ကြိမ်ထဲသောသေနတ်နဲ့ပစ်ခတ် နှိမ်နင်းမှုကြောင့် မော်လမြိုင်
မြို့မှာ ဒီမိုကရေစီဘက်တော်သား ၇ဦး အသက်ပေးခဲ့ရပါတယ် ...တစ်ကြိမ်ထဲပါ ..တစ်ညနေခင်းထဲပါ ..ထားဝယ်တံတားလမ်းပေါ်မှာရှိတဲ့
အဲဒီတုန်းကဆောက်လုပ်နေဆဲ မွန်အမျိုးသားပြတိုက်အဆောက်အဦးပေါ်ကနေပစ်တာခင်ဗျ .....

ရေးလက်စနဲ့ရေးပါရစေ ..၈၈၈၈ အကြောင်းဆိုတာနဲ့ ခံစားချက်ကလေးကပိုလာလို့ ပါခင်ဗျာ ...၈၈၈၈အရေးအခင်းဖြစ်ပွားခဲ့တာ ၂၂နှစ်ပြည့်ခဲ့ပြီ ..

သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးတောင် ၃နှစ်မြောက်နှစ်ပတ်လည်ခဲ့ပြီ...ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တော့  အသက်က
ရာစုနှစ်ရဲ့တ၀က်နားရောက်နေခဲ့ပါရောလား ..ဘုရား ဘုရား..(တကယ်လို့များဖြစ်ခဲ့ရင်) ရွှေမြိုင်အောင်ရဲ့ အသက်ရာပြည့်မွေးနေ့လက်ဆောင်ကို
ရွှေမြိုင်အောင် နေထိုင်တဲ့ ဂျပန်မြို့နယ်ရုံးက လာပေးတာကိုယူမလား ...ဒါမှမဟုတ် မွေးရပ်မြေက ဘုန်းကြီးကျောင်းတခုမှာ အသက်ရာပြည့်မွေးနေ့ကို
လူသူမသိပဲအေးချမ်းစွာဖြတ်သန်းသွားမလားဆိုတာ .....
 မေးနေစရာမလိုပါခင်ဗျာ..ခန္ဒာကိုယ်ရဲ့အသွေးအသားထဲမှာ အဖြေကရှိနှင့်နေပြီးသားဖြစ်ပါတယ် ...အကြောင်း ကြောင်းကြောင့် လက်ရှိမွေးရပ်မြေ
ကနေထွက်ခွာခဲ့ရတယ်  ရေကြည်ရာမြက်နုရာကိုရှာဖွေတာတော့မဟုတ်ပါ  ..ရွှေမြိုင်အောင်လက်ရှိခိုလှုံနေထိုင်နေတဲ့ နိပွန် ဂျပန်နိုင်ငံတော်ကြီးကို
အထူးတကယ်ကျေးဇူးတင်ပါတယ်.....

ဂျပန် “ရားမန်း” ခေါက်ဆွဲဘယ်လိုကောင်းကောင်း မွန်ပြည်နယ်က ရေစိမ်မုန့်တီကိုသတိရမိပါတယ် ...ဂျပန် “ဆူရှီ” ဘယ်လိုအရသာရှိရှိ မော်လမြိုင်
သင်္ကြန်ထမင်းကိုတမ်းတမိပါတယ် .....


၈၈၈၈ အရေးတော်ပုံနဲ့အတူ ရွှေမြိုင်အောင်ရဲ့တက္ကသိုလ်ကျောင်းသားဘ၀လဲ “ ပလုံစွပ်”ဆိုသလိုဆာရိုးနာရ ဖြစ်ခဲ့ပြီးပေမဲ့ ကိုမင်းကိုနိုင်ပြောခဲ့သလို
“ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံပြန်စိုက်ရအောင် ..” ကြိုးစားနေဆဲပါ.....

ဘာသာတိုင်းအတွက် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တွေအပြည့်အ၀မရတော့တဲ့ ရွှေနိုင်ငံတော်ကြီးမှာ တဖြည်းဖြည်းနဲ့ ကြက်ဆူဘုရင်ရဲ့
တပ်တွေ..နောက်လိုက်တွေကနှိပ်ကွပ်လို့ ဘုန်းတော်ကြီးကျောင်းတွေ မရှိတော့ရင် ပြဿနာပဲ ..အဲဒီလိုဆိုရင် ရွှေမြိုင်အောင်ရဲ့ အသက်ရာပြည့်
မွေးနေ့ကို မွေးရပ်မြေကဘုန်းတော်ကြီးကျောင်းတခုမှာ အေးချမ်းစွာဖြတ်သန်းသွားဘို့ဆိုတာ တော်တော်ခက်ခဲပါလိမ့်မယ် ..အသက်ကြီးမှ ဒုက္ခ
မရောက်ရအောင် အခုကတည်းက ကြက်ဆူစစ်အာဏာရှင်စံနစ် အရှည်မတည်အောင် ကြိုးစားတိုက်ဖျက်ရမယ်လေ ..ဟုတ်တယ်ဟုတ် .....

ဒီထက်ပိုတာက ..၈၈၈၈ကာလအတွင်း မော်လမြိုင်မှာ စစ်တပ်က ပစ်ခတ် ခံရပြီးသေဆုံးသွားလို့ အနီရောင်အခေါင်းနဲ့ သင်္ဂြိုလ် ခဲ့တဲ့
အပြစ်မဲ့ပြည်သူ ၇ယောက်အပါအ၀င် ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံး အသက်ပေးသွားကြသူ ရဟန်းရှင်လူ ကျောင်းသား များအတွက်
စစ်အာဏာရှင်စံနစ် ကျဆုံးသည်အထိ .....တိုက်ဘို့တာဝန်တွေရှိနေသေးတယ်ခင်ဗျား .....

(ရွှေမြိုင်အောင်)

ခွေးအဟွာကိုဆင်ကမျှော်ပါလို့

ကြိုတင်မဲတွေ  အဓမ္မမဲတွေနဲ့ ၂၀၁၀ရွေးကောက်ပွဲကြီးမှာ ကြံ့ဖွတ်ပါတီအနိုင်ဆိုတဲ့အဖြေနဲ့ပြီးခဲ့ပါပြီ ..၂၀၁၀ရွေးကောက်ပွဲကြီးပြီးရင်ဘာဖြစ်မလဲဆိုတာတွေး
ကြည့်တော့ ၁၉၉၀ရွေးကောက်ပွဲကြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တာတချို့ကိုပြန်ပြီးသတိရမိပါတယ် ...

၉၀ခုနှစ်ရွေးကောက်ပွဲမှာကြက်ဆူအုပ်စုရဲ့မှီတည်ရာ တစည ပါတီရှုံးပြီးတဲ့နောက် ဒို့တာဝန်အရေး ၃ပါးအသစ်တခုကိုဝန်ထမ်းတွေကို အတင်းအကျပ် လိုက်
နာစေတော့တာပါပဲခင်ဗျ ..အဲဒီဒို့တာဝန်အရေးသုံးပါးက
(၁)(ကြက်ဆူအုပ်စုမှဘယ်သူဘုရင်ဖြစ်ဖြစ် )ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ် မင်းပြုရန်အသင့်တော်ဆုံးဖြစ်သည် ။
(၂)ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ်ရန် အရည်အချင်းမရှိသူဟုဆိုလာခဲ့သော် ..။
(၃)ဒို့တာဝန်အမှတ် ၁ကိုပြန်ဖတ်ခိုင်းလိုက်ပါ။   ..အဲဒါပါပဲခင်ဗျာ ....

ရွှေမြိုင်အောင်ပေါက်တတ်ကရတွေရေးနေတယ်လို့ထင်နေတယ်...ဟုတ်ကဲ့ဆက်လက်ရှုစားတော်မူပါခင်ဗျား.....

NLD က၉၀ခုနှစ်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့အပြတ်အသတ်အနိုင်လဲရရော
 ကြက်ဆူအုပ်စုဟာ အရင်ဆုံးဝန်ထမ်းတွေကို ဒုက္ခပေးပါတော့တယ်
ဘယ်လိုဒုက္ခပေးသလဲသိကြပါသလားခင်ဗျာ ..လျှောက်လွှာစာရွက်တွေမှာ သူတို့ကြိုက်တဲ့ လိုချင်တဲ့ အချက်တွေကို ရေးထားပြီး ၀န်ထမ်းတွေကို အမှန်နဲ့
အမှားရွေးခိုင်းတာပါ.....

ဘယ်လိုအချက်တွေပါသလဲဆိုတော့  တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလားတို့ ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်
ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလားတို့လို အဆင့်နိမ့်တဲ့မေးခွန်းတွေပါ ပါတယ် ...

ကြက်ဆူအုပ်စုဖြစ်စေချင်တာက သူတို့ရဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေဆိုတော့ သူတို့အကြိုက်လိုချင်တဲ့အဖြေကိုရမှာပဲ ဖြစ်တဲ့အတွက် ..၀န်ထမ်း
တွေရဲ့အဖြေစာရွက်တွေကိုစုပေါင်းလို့ ..နိုင်ငံ့ဝန်ထမ်းများရဲ့ သဘောထားအမှန်ကဒီမှာပါခင်ဗျာ ဆိုပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက်
ဘို့ ပထမဦးဆုံးစခဲ့တဲ့ ခြေလှမ်းပါခင်ဗျာ.....

ဒါပေမဲ့ဝန်ထမ်းတွေထဲမှာလဲအကြောင်း ကြောင်းကြောင့် အလုပ်ကထွက်ချင်ပေမဲ့ထွက်ခွင့်မရသူ ..အမှန်ကိုတင်ပြရဲသူတွေရှိတယ်ဆိုတာ ကြက်ဆူအုပ်စု
သတိမမူလိုက်တာလဲရှိပါတယ် ..ရွှေမြိုင်အောင်နဲ့ ရင်းနှီးတဲ့ ၀န်ထမ်း ၂ယောက်အကြောင်းပြောပြပါ့မယ် ...

ပထမ ၁ယောက်က စက်မှု ၂ ၀န်ကြီးဌာနက အင်ဂျင်နီယာ ပါ ..နိုင်ငံခြားပညာတော်သင်အဖြစ် ၂နိုင်ငံရောက်ခဲ့ ပြီး အလုပ်မှာမပျော်ပိုက်တော့လို့ ပထမ ဆေး
ပင်စင်တင်ပါတယ် ..မရ ...နောက်တခါထွက်စာတင်ပါတယ် “လူကြီးမင်းကဲ့သို့ အရည်အချင်းရှိသူတစ်ယောက် နေရာမှာ အစားထိုးရန်အတွက် သင့်တော်
သောသူမရှိပါသဖြင့် နှုတ်ထွက်ခွင့်မပြုနီုင်ပါ..”ဆိုပြီး ဌာနမှအကြောင်းပြန်ပါတယ် ...အကြောင်းပြန်စာကိုကြည့်ရင် ငါလိုလူ ဤဇမ္ဗူတခွင်မရှိ ဆိုပြီး ဘ၀င်
လေဟပ်စရာကောင်းသွားပါလိမ့်မယ် ..

ဒီလိုနဲ့အလုပ်ကနေထွက်ခွင့်မရပဲဆက်လုပ်နေလိုက်တာ ၉၀ခုနှစ်ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို အစောပိုင်းကပြောခဲ့သလိုမျိုးလက်မှတ်ထိုးခိုင်းတော့
တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလား  ဆိုတာကို “မအုပ်ချုပ်သင့်ပါ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို စစ်တန်းလျားပြန်သင့်ပါသည်။”
လို့ဖြည့်ခဲ့သလို ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလား ဆိုတာကို “နိုင်ငံ့ခေါင်းဆောင်
အဖြစ်တင်မြှောက်သင့်ပါသည်။” လိုဖြည့်ပေးလိုက်ရော ..မကြာပါဘူး “လူကြီးမင်းကိုဆက်လက်တာဝန် ထမ်းဆောင်စေရန် မလိုအပ်တော့ပါသဖြင့် အလုပ်မှ
နှုတ်ထွက်ခွင့်ပြုလိုက်သည် ” ဆိုတဲ့အလုပ်ထုတ်စာကိုလက်ခံရရှိခဲ့ရတယ်တဲ့ခင်ဗျာ.....

ဒုတိယ ၁ယောက်က ဆောက်လုပ်ရေးစီမံကိန်း ကအင်ဂျင်နီယာပါ ..သူကအမှန်အတိုင်းတင်ပြရဲသူဖြစ်တဲ့အတွက် ကြက်ဆူအုပ်စုအကြိုက်မဟုတ်ပဲ
သူ့ဆန္ဒရှိတဲ့အတိုင်း စာရွက်ထဲမှာဖြည့်စွက်ခဲ့လို့ စီမံကိန်းမန်နေဂျာက နောက်ထပ်လျှောက်လွှာစာရွက်အသစ်တစ်စုံ ထုတ်ပေးပြီး ပြင်ခိုင်းခဲ့ပေမဲ့  သူကငြင်း
ပြီးမပြင်တဲ့အတွက်  နောက်ဆုံးအလုပ်ကထုတ်ခြင်းကို ရဲရဲဝံ့ဝံ့ခံယူသွားခဲ့သူပါ .....

ကြက်ဆူအုပ်စုကအဲဒီလိုမျိုးဝန်ထမ်းတွေကိုအနိုင်ကျင့်သလို ပြည်သူတွေကိုလဲနောက်တမျိုးနဲ့အနိုင်ကျင့်ပြန်ပါတယ် ...
အဲဒီနောက်တမျိုးကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲ ဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက သူတို့တင်မြှောက်
ထားတဲ့ကိုယ်စားလှယ်တွေကို  အယုံအကြည်မရှိတော့တဲ့အတွက် မဲဆန္ဒပြန်ရုပ်သိမ်းတဲ့ပွဲတွေ လက်မှတ်ထိုးပွဲတွေကို အတင်းအဓမ္မလုပ်ခိုင်းခဲ့ပြီး
 NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက် ဘို့မသမာတဲ့နည်းမျိုးကိုအသုံးပြုခဲ့ပါတယ်ခင်ဗျာ .....

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေ ..တိုင်းရင်းသားပါတီတွေလဲ ကြံ့ဖွတ် ပါတီနဲ့ပေါင်းရင်ပေါင်း ..မပေါင်းရင်တော့ ...ဒန်တန့်ဒန်..
 ကြက်ဆူအုပ်စုကလုပ်ချင်တာကို လုပ်တဲ့ဒဏ်ကို ခံစေသတည်းပေါ့ ..ကဲ ၀င်ချင်ဦးဟဲ့ရွေးကောက်ပွဲ .....

ရွေးကောက်ပွဲအပြီး တပတ်လောက်အကြာမှာ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြက်ဆူုအုပ်စုက နေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့
ပါတယ် ..ပြည်သူတွေကလဲ အရင်ကဖြစ်ခဲ့ဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ် ကအတွေ့အကြုံ ..ဒီပဲယင်းအတွေ့အကြုံနဲ့ ..
အခြားနိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ကြတယ်ခင်ဗျ.....

ကြက်ဆူဘုရင်ကြီးကနေ သူ့ရဲ့ဝန်ကြီးချုပ်တို့ ရဲချုပ်တို့ ဆီပို့တဲ့ လျှို့ဝှက်မေးလ် ဆိုတာတွေလဲပေါ်ထွက်လာခဲ့ပါတယ်...ကောင်မလေးကို အပြတ်ရှင်းလိုက်ပါ
ဘာညာပေါ့ ..အဲဒီတော့ရွှေနိုင်ငံက ပြည်သူတွေ စိတ်တွေပူကြရပြန်ပါတယ် ..ရွှေနိုင်ငံတော်သားတွေအကြား “ရွှေပေလွှာ”ဖြန့်ကြတာကအကျင့်ပါနေကျပါ
ခင်ဗျာ ..၁၉၈၈ အရေးအခင်းကာလတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဦးအောင်ဆန်းဦး ရဲ့ပြည်သူများသို့ပန်ကြားလွှာတို့ ..အမေရိကန်မရိမ်းစစ်တပ်ကို
အကူအညီတောင်းပြီး ၀င်တိုက်မှာတို့ စတဲ့ရွှေပေလွှာတွေပျံ့ခဲ့သေးတယ်နော် ..ဒါပေမဲ့သတိဆိုတာပိုသည်မရှိပါခင်ဗျား.....

လောလောဆည်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်ရှင်မှုက ကြက်ဆူအုပ်စုအတွက်အရမ်းအရေးကြီးနေပါတယ် ..Sanction လို့ခေါ်တဲ့ စီးပွားရေးပိတ်
ဆို့ထားမှုကို ပြန်ဖွင့်ပေးဘို့ကိစ္စပါ ..ရွှေမြိုင်အောင်ကတော့ အင်္ဂလိပ် အသံထွက်ကလဲမပီ  ပြောလေ့ပြောထကလဲမရှိငယ်ငယ်ကလေးဘ၀ကနေ
 မွန်လို“ဟရော့” လို့ခေါ်တဲ့ ငါးပိစါးပြီး ကြီးပြင်းလာတဲ့ပါးစပ်ကနေ ထောပတ်စားပြီး ပြောသလိုမျိုးဘိုသံကိုလျှောလျှောရှူရှူ မထွက်လေတော့ ..ကိုယ့်ရဲ့
အသိဥာဏ်နဲ့ လွယ်လွယ်ကူကူ “ဆန်ဆေးခြင်း ”လို့ပဲမှတ်ထားပါတယ် .....

ကြက်ဆူအုပ်စုဟာ သူတို့ရဲ့ အနောက်နိုင်ငံကဘဏ်တွေမှာအပ်ထားတဲ့ ငွေတွေထုတ်ယူလွှဲပြောင်းဘို့ ..စီးပွားရေးလုပ်ဘို့ အဲဒီ Sanction ပိတ်ဆို့မှု
မရှိဘို့လိုအပ်ပါတယ် ..“Sanction ”လုပ်တာဟာကြက်ဆူအုပ်စုရဲ့မတရားလုပ်ရပ်တွေကြောင့် လုပ်ရတာဆိုတာကို ကြက်ဆူအုပ်စုဝင်တွေကသိနေသည့်တိုင်
ဝန်မခံကြပါဘူး .....

ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မကလဲပြည်သူတွေကိုချစ်ပါတယ်” ဆိုင်းဘုတ်ထောင်လိုက်တာ ကြက်ဆူအုပ်စုအကြိုက်ဖြစ်နေပါတယ် ..ပြည်သူကိုချစ်တယ်
ဆိုရင်ပြည်စူတွေစားဝတ်နေရေး ကိုအကျပ်အတည်းဖြစ်စေတဲ့ စီးပွါးရေးပိတ်ဆို့ထားမှုကိုဖွင့်ပေးဘို့  အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကိုတိုက်တွန်း
ပေးဘို့ပြောပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါးစပ်ကို ငှားပါတော့မယ် .....


ဒေါ်အောင်ဆန်းစုကြည် က အမျိုးသားပြန်လည်သင့်မြတ်ဘို့ ..လို့ပဲခေါ်ခေါ် ရင်ကြားစေ့ဘို့လို့ပဲပြောပြော တွေ့ဆုံဆွေးနွေးရေးကိုပဲ တောက်လျောက်တောင်းဆိုလာခဲ့
ပါတယ် ..NLD ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းမှာလဲပါပါတယ်ခင်ဗျ ..ဒါပေမဲ့ကြက်ဆူအုပ်စုကတွေ့ဆုံဆွေးနွေးရေးကိုလုပ်ခဲ့သလား...ဆန္ဒကောရှိရဲ့လားဆိုတာ
ပြန်သုံးသပ်သင့်ပါပြီ....

၁၉၉၆ ရွှေနိုင်ငံရဲ့ခရီးသွားနှစ်မတိုင်မီနဲ့ ၁၉၉၇အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုမခံရသေးချိန်တုန်းက လူမြင်ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်
ရယ် ကြက်ဆူဘုရင်ကြီးရယ် ပြုတ်သွားတဲ့ထောက်လှမ်းရေး အကြီးအကဲရယ် စုပေါင်းဓါတ်ပုံ ရိုက်ထားတဲ့ပုံကို မီဒီယာတွေထဲမှာဖေါ်ပြလို့ ..ရွှေနိုင်ငံတော်မှာ
အားလုံးသင့်မြတ်နေပါပြီ ..လုပ်ခဲ့တာကလွဲလို့ ထူးခြားတဲ့ပြောင်းလဲမှုမရှိခဲ့ခင်ဗျာ.....

ရွှေမြိုင်အောင်ရဲ့စကားအသုံးအနှုန်းရိုင်းပြခဲ့မှာကိုတောင်းပန်အပ်ပါတယ် ပရိသတ်ကြီးခင်ဗျာ ..ဆင့်အဟွာကို ခွေးကမျှော်တာက မော့ကြည့်လို့မြင်ရပါသေးတယ်
ကြက်ဆူအုပ်စုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ဘို့ တွေ့ဆုံဆွေးနွေးခွင့်ရဘို့ဆိုတာက ခွေးအဟွာကို ဆင်ကမျှော်နေသလိုမျိုး ..မော့ကြည့်လို့လဲမတွေ့ ..ငုံ့ကြည့်လို့
လဲမမြင် ..၀ပ်ကြည့်လို့လဲမရနဲ့ ..အချိန်တွေသာကုန် ..နှစ်တွေသာကြာသွားခဲ့ပါပြီ .....

NLD ရဲ့ရွေးကောက်ပွဲရလာဘ်ကို ကြက်ဆူအုပ်စုကနည်းမျိုးစုံသုံးပြီး ပျောက်ပျက်အောင် တရားမ၀င်အောင်လုပ်သလိုမျိုး ..တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း
တခုထဲမဟုတ်ပဲ ဒုတိယပင်လုံညီလာခံလိုမျိုး အခြားလမ်းကြောင်းများကိုအသုံးပြု လို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်သင့်ကြောင်းပါ..ဒုတိယပင်လုံညီ
လာခံကိုကြိုဆိုလိုက်ပါတယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)

Tuesday, April 12, 2011

လက်နဲ့လှော်သည့်တိုင်..

အချိန်ကာလတွေများတရွေ့ ရွေ့ နဲ့ ပြောင်းလဲနေလိုက်တာအခုဆိုဧပြီလမြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကျတော့မယ်...မနှစ်ကသင်္ကြန်မှာဗုံးကွဲလူသေမှုတွေဖြစ်ခဲ့တော့ဒီနှစ်သင်္ကြန်မှာစိုးရိမ်စိတ်နဲ့ လူတွေအတာသင်္ကြန်ပွဲတော်အချိန်ကိုဖြတ်သန်းရဦးမယ်လို့ ထင်ပါတယ်.....

    နှစ်တနှစ်ကုန်တော့အသက်ကတနှစ်ကြီးလာတာပေါ့ ဗျား..အသက်ကြီးလာတာနဲ့ အမျှနုပျိုလတ်ဆတ်မှုတွေလျှော့ပါးလာသလို''နင်''''ငါ''ပြောလို့ရတဲ့သူငယ်ချင်းတွေနည်းပါးလာခဲ့ ရပါတယ်..ကိုယ့် ထက်အသက်ငယ်သူတွေကို '' နင်'' ''ငါ'' နဲ့ ပြောလို့ ရပေမဲ့ ရွှေမြိုင်အောင်စိတ်ထဲမှာ..
ကိုယ်ကအသာစီးကနေပြောရသလိုဖြစ်နေတောမလွဲမရှောင်သာပြောဆိုသုံးစွဲနေရသည့်တိုင်အောင်သိပ်ခံတွင်းမတွေ့ လှဘူးခင်ဗျ..အဲဒီကိုယ့်ထက်ငယ်သူ
တွေက..ကိုယ့်ကို ''နင်'' ''ငါ'' နဲ့ ပြန်ပြောဘို့ မရှိသလိုပြောပြန်ရင်လဲ..ကြီးတဲ့ သူကိုမှမရိုသေမိုက်ရိုင်းလိုက်တာလို့ သတ်မှတ်ခံရမှာပေါ့ နော် .....

    အော်..လူစိတ်ဆိုတာကလဲအခက်သားပါလား..ရှားပါးမှပိုပြီးတန်ဖိုးထားရသလိုဖြစ်နေရပြီခင်ဗျာ..လက်ရှိနေထိုင်ရတဲ့ နေရာက..ကိုယ့်ဇာတိလည်းမဟုတ်..ကိုယ့်နိုင်ငံလည်းမဟုတ်တော့..ခလေးဘ၀ကတည်းကငယ်သူငယ်ချင်းတွေ..အ.ထ.က ကျောင်းတက်တုန်းကသူငယ်ချင်းတွေ..တက္ကသိုလ်..ကောလိပ်သိပ္ပံမှာတက်ခဲ့တုန်းကသူငယ်ချင်းတွေနဲ့ လူချင်းဆုံဘို့ ဆိုတာတကယ့်မဟာအခွင့်အရေးကြီးပါ..ဆုံတယ်ဆိုသည့်တိုင်အောင်လက်၁၀ချောင်းမ
ပြည့်တတ်ပါဘူးခင်ဗျာ..လူချင်မဆုံရတဲ့သူငယ်ချင်းတွေကိုအများအားဖြင့်တော့..တယ်လီဖုန်းနဲ့ စကားပြောဖြစ်ပါတယ်....

  အခုနောက်ပိုင်းတိုးတက်တဲ့နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့် E mail တွေနဲ့စာတွေပို့ ဓါတ်ပုံတွေပို့  ခဲ့ကြာရာကနေ..ဟော..တခါ Google ရဲ့ စေတနာဗလပွနဲ့ အလကား
ဝန်ဆောင်ပေးမှုကြောင့် Gtalk တွေ Vzo တွေကိုအသုံးပြုလို့ ကုန်ကျစရိတ်အနည်းအကျဉ်းနဲ့ (အနည်းအကျဉ်းဆိုတာက..မီတာခလောက်ကိုပြောတာပါ)စကားပြောခွင့်ရသလိုသူငယ်ချင်းတွေနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေမှုကို Vzo တို့ လို Video Chatting ကနေမြင်တွေ့ သိရှိရတဲ့ အတွက်ဖန်တီးတီထွင်သူတွေကိုကျေးဇူးတင်မိပါတယ်ခင်ဗျာ....

    အဲဒီနောက် Face book တို့  Twitter တို့ လိုဝန်ဆောင်မှုတွေထပ်ပေါ်လာပြန်ရော..Face book ကနေ ရွှေမြိုင်အောင်နဲ့ နှစ်ပေါင်းများစွာအဆက်အသွယ်
ပြတ်သွားတဲ့ငယ်သူငယ်ချင်းတွေကိုပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်...
ဒီထက်သေချာအောင်ပြောရရင် ၈၈၈၈ ကာလအပြီးလွတ်မြောက်နယ်မြေအသီးသီးသို့ ရောက်ရှိသွားကြသူ..သူငယ်ချင်းမိတ်ဆွေတွေကို Face book ရဲ့ ကျေးဇူးကြောင့်ပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်ခင်ဗျ..အဲဒါကြောင့်နည်း
ပညာရဲ့ တိုးတက်လာမှုနဲ့ ဖန်တီးတီထွင်ဖြန့် ဝေသူတွေကိုအထူးအထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ.....


     ဟုတ်တယ်လေ..သူတို့ ရှာဖွေစမ်းသပ်တီထွင်ပြီးအလကားဖြန့် ဝေသုံးစွဲခွင့်ပြုလို့ အခုလိုသုံးစွဲခွင့်ရတာ..သူတို့ ကိုကျေးဇူးမတင်ရင်ဘယ်သူ့ ကိုကျေးဇူးတင်ရမှာလဲဟုတ်..ဒါပေမဲ့ ရွှေနိုင်ငံတော်ကြီးမှာနေတဲ့ ကြက်ဆူအုပ်စုကဒီလိုမျိုးသာရွှေနိုင်ငံသူရွှေနိုင်ငံသားတွေ Gtalk တွေ Vzo တွေ Internet ဖုန်းတွေဈေးသက်သာစွာနဲ့ပြည်ပကိုခေါ်နေရင်..ရွှေနိုင်ငံတော်ရဲ့ဘဏ္ဍာငွေကိုလျော့ပါးစေတယ်ဆိုတဲ့ စွဲချက်နဲ့ အဲဒီဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေ
တဲ့ ဆိုင်တွေကို ဥပဒေကဲ့ သို့ အာဏာတည်စေသောအမိန့် နဲ့ ဒီလုပ်ငန်းတွေမလုပ်ဘို့ ညွှန်ကြားလွှာတွေပို့ လာပါတော့ တယ်....

     ကျွေးကားကျွေး၏မ၀..ပေးကားပေး၏မရဆိုတဲ့ စကားဟာ ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့ ရွှေနိုင်ငံတော်က..ပြည်သူပြည်သားတွေအတွက်တမင်ရည်ရွယ်ခဲ့လေသလားလို့ ထင်မိပါရဲ့ ဗျာ..လေလှိုင်းထဲကနေအလကားနီးပါး
ရတဲ့ နည်းပညာနဲ့ အသီးအပွင့် တွေကိုဖမ်းယူသုံးစွဲခွင့်မရှိတာဝမ်းနည်းစရာကောင်းလှဘိခြင်း..

     ၈၈ ကာလတုန်းက BBC . VOA အသံလွှင့်ဌာနတွေကိုတနိုင်ငံလုံးအားကိုးခဲ့ ကြရပါတယ်..အဲဒီသတင်းဌာနတွေရဲ့သတင်းထောက်
တွေဖြစ်တဲ့ ..ဘာတေးလစ်တနာနဲ့ ခရစ်စတိုဖါဂါးနက် တို့ ရဲ့နာမည်ကိုတနိုင်ငံလုံးကလူအတော်များများကအခုခေတ်ကမ္ဘာကျော်ဘော်လုံးနည်းပြနာမည်တွေဖြစ်တဲ့  ဆာအဲလက်ဖာဂူဆန်တို့ ဟိုဆေးမော်ရင်ဟိုတို့ နာမည်ကိုသိကြသလိုရင်းနှင်းစွာသိကြတယ်ခင်ဗျ....

     ပြည်ပသတင်းဌာနတွေရဲ့ သတင်းဖြန့် ချိပေးမှုကြောင့် ၈ရက် ၈လ ၈၈ မနက် ၈ နာရီမှာတပြည်လုံးလူထုဆန္ဒပြပွဲတွေလုပ်တော့ မယ်ဆိုတာသိရှိခဲ့ ရပါတယ်.. ၈၈၈၈ ရဲ့အဆုံးသတ်ဟာဘာတွေဖြစ်ခဲ့ ရသလဲအများသိကြပါတယ်..နောက်ဆုံးအလှည့်အပြောင်းကို သေချာစွာလမ်းညွှန်ပေးမဲ့ ခေါင်းဆောင်မရှိခဲ့ ပါဘူး..သူတကူငါတမင်းဖြစ်ခဲ့
ကြတယ် လူငယ်လူလတ်ပိုင်းတွေလွတ်မြောက်ရာဆီထွက်သွားကြတယ်..ထွက်လာသူအားလုံးရဲ့ စိတ်ထဲမှာခဏတာသဘော   ''ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွရဲဘော် ၃ကျိပ် အင်္ဂလိပ်ကိုတိုက်ဘို့ စစ်ပညာသွားသင်တဲ့ သဘော''    အဲဒီလိုထင်မှတ်ခဲ့ ကြတယ်..ပြည်တွင်းမှာကျန်နေတဲ့ ခေါင်းဆောင်တွေရဲ့ ခါတော်ပေးမဲ့အချိန်ကိုနားစွင့်နေကြတယ်..
ကြတယ်..ကြတယ်..ကြတယ်နဲ့နောက်ဆုံးမှာတတိယနိုင်ငံတွေဆီအသီးသီးတကွဲတပြားရောက်ကုန်ကြတယ်ဆိုပါရောခင်ဗျာ......

      အခု အာရပ် နိုင်ငံတွေမှာ အာဏာရှင်ဆန့် ကျင်ရေးလူထုအုံကြွမှုတွေ တနိုင်ငံပြီး တနိုင်ငံဆက်တိုက်ဖြစ်ပေါ်ခဲ့ပါရောလား..အာဏာရှင်တွေကိုကျဆုံးအေင်တိုက်ထုတ်ဘို့အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေကိုနည်းပညာအကူအညီနဲ့ ပေးပို့ ခဲ့ရရှိခဲ့ကြတယ်တဲ့ခင်ဗျ..ပြီးခဲ့တဲ့လကသတင်းတပုဒ်မှာ ရွှေနိုင်ငံတော်ထဲလူထုအုံကြွမှုတွေဖြစ်ရင် Google  အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီကဆက်သွယ်ရေးဂြိုလ်တုတစ်လုံးဟာရွှေနိုင်ငံတော်တောင်ဘက်
ကောင်းကင်ယံအထက်သို့ ပြောင်းရွှေ့ ထားပေးတယ်လို့ ဖတ်ရပါတယ်....

ရွှေနိုင်ငံတော်ကြီးမှာအပြောင်းအလဲဖြစ်ဘို့ ကမ္ဘာနိုင်ငံအတော်များများကလိုလားနကြတယ်ဆိုတာယုံမှားစရာမရှိပါခင်ဗျာ..ဒါကိုကြက်ဆူအုပ်စုကလဲ
သိတဲ့အတွက်အခုကတည်းကဆက်သွယ်ရေးလမ်းကြောင်းတွေစတင်ပိတ်ဆို့ ဖြတ်တောက်နေပါပြီ..ဘယ်လိုပဲပိတ်ဆို့ တားစီးမှုတွေရှိပါစေ..ရေဒီယိုနဲ့ ဓါတ်ခဲရှိနေသေးရင် ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်သေးပါဘူးခင်ဗျာ....

ရှေးရိုးမပယ်တဲ့ပုံစံနဲ့ ၈၈၈၈ ကာလတုန်းကလူထုဆက်သွယ်ရေးစနစ်အတိုင်းလူထုအုံကြွမှုအတွက်သတင်းတွေကိုရရှိလှုပ်မှားသလိုမျိုး..နောင်ဖြစ်လာမဲ့လူထုအုံကြွမှုမှာ
လုပ်ဆောင်နိုင်မယ်တက်မရှိလက်နဲ့ လှော်မယ်ဆိုပေမဲ့..
၈ လေးလုံးကာလတုန်းကလိုအဆုံးသတ်မျိုးမဖြစ်အောင် လူထုကလေးစားတဲ့ခေါင်းဆောင်တွေကောင်းမွန်စွာလမ်းပြပေးနိုင်တယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျာ.....

(ရွှေမြိုင်အောင်)

Thursday, March 24, 2011

Iodine detected in Tokyo tap water no major cause for concern

The detection of 210 becquerels of radioactive iodine per 1 kilogram of tap water at Kanamachi filtration plant in Katsushika Ward, Tokyo, has caused anxiety to Tokyo residents. The metropolitan government has advised residents of the capital's 23 wards and other areas who use water from the plant not to allow babies aged below the age of 1 to drink the tap water. However, questions remain as to whether the water is safe for bathing or whether infants older than 1 year of age can drink it. Compiled below are common questions and responses based on advice from experts.

Question: Why are only babies below the age of 1 subject to the ban?
Answer: Radioactive iodine has a tendency to collect in the thyroid. If children whose thyroids are developing rapidly ingest a massive amount of radioactive iodine, it is thought that it will increase the risk of cancer. The Nuclear Safety Commission of Japan (NSC) advises people including adults not to drink any water that contains more than 300 becquerels of radioactive iodine. Provisional regulations that the government has set under the Food Sanitation Law stipulate that infants below the age of 1 should not drink milk or water containing more than 100 becquerels of radioactive iodine or use such milk or water to dissolve milk powder. Based on the regulations, the government has urged the public not to allow babies to drink tap water containing more than 100 becquerels of radioactive iodine following radiation leaks at the Fukushima No. 1 Nuclear Power Plant that was heavily hit by the March 11 earthquake and tsunami.

Q: How about expecting mothers?
A: There is no upper limit on the amount of radioactive substances that babies in their mothers' wombs can absorb, and the metropolitan government has not urged pregnant women living in areas subject to the advisory not to drink tap water. An obstetrician says, "Under the current circumstances, it is desirable for expecting mothers to avoid drinking tap water in the affected areas. However, any stress mothers feel from struggling to obtain mineral water in short supply, will be more harmful to their health."

Q: Should we also avoid using tap water in these areas for bathing babies and brushing their teeth?
A: The Health, Labor and Welfare Ministry says this is not a problem. It is also fine to wash baby bottles and fruit for babies with tap water. Otsura Niwa, a Kyoto University professor emeritus of radiation biology, says, "Japan's standards are too strict in the first place. Even if babies are given tap water, their parents don't have to worry too much about it."

Q: Should mineral water be used to dissolve milk powder for babies?
A: Since milk powder contains minerals, babies could suffer from diarrhea if so-called "hard water" containing a massive amount of minerals was used to dissolve milk powder. If you want to use mineral water to dissolve milk powder, you should use "soft water."

Q: Can't radioactive substances be removed at tap water filtration plants?
A: Tap water filtration plants are designed to remove impurities and odor, but not radioactive substances. Takeo Samaki, Hosei University professor of science literacy, says that an advanced water treatment technology -- in which ozone gas is used to decompose impurities and activated charcoal is used to absorb organic matters in water -- is employed at the Kanamachi filtration plant. However, it is believed to be able to remove only a small portion of radioactive substances.

Q: Can radioactive substances be removed with water purifiers for household use or by boiling the water?
A: The structure of ordinary water purifiers for household use is similar to that of water filtration plants, so you shouldn't expect such devices to remove radioactive substances from tap water. It is also believed difficult to remove radioactive substances from water by boiling it.

Q: Will a similar advisory be issued for wider areas?
A: The Health, Labor and Welfare Ministry has instructed waterworks departments at local governments across the country to make announcements if more than 100 becquerels of radioactive iodine are detected in their tap water. Close attention should be paid to figures announced by local governments.

(Mainichi Japan) March 24, 2011