Wednesday, September 7, 2011

သက်တော်ရာေ​ကျာ်ရှည်စေေ​သာ်...

                                                            (၁)
ရွှေနိုင်ငံတော်မှာကြက်ဆူစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ပတ်စပို့လျောက်သူတွေများလာခဲ့ပြီး အဆင်ပြေရာနိုင်ငံတွေကို
အလုပ်လုပ်ဘို့ ပိုက်ဆံရှာဘို့ရည်ရွယ်ချက်နဲ့ထွက်ခွာ သွားကြတယ်ခင်ဗျ .....

အဲဒီလိုနိုင်ငံခြားထွက်ကြရတာဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့တဲ့အတွက် အလုပ်အကိုင် ရှားပါးလာလို့ မဟုတ်ရကြောင်း
ပါ ..တချို့ကပြောဦးမယ် ပတ်စပို့နဲ့ထွက်တဲ့သူအရေအတွက်ထက်ကို  နယ်စပ်လမ်းကြောင်းကနေ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ်
လုပ်ကြသူတွေ ကပိုများတယ်ဆိုပြီးတော့ပေါ့.....

ရွှေမြိုင်အောင်မငြင်းလိုပါခင်ဗျား..နယ်စပ်ကနေ ထွက်ပြီးအလုပ်သွားလုပ်နေကြတာဟာ အခုအချိန်မှ သွားကြတာမဟုတ်ပါဘူး ..၁၉၇၀ ခုနှစ်
ဝန်းကျင် မှောင်ခိုခေတ် လောက်ကတည်းက  ထိုင်း မလေးရှားပီနန် ကျွန်း နဲ့ စင်္ကာပူတို့ကို ကုန်းလမ်း ရေလမ်းတွေကနေတဆင့်သွားလာ
ကုန်ကူးရင်း အလုပ်လုပ်နေကြသူတွေရှိခဲ့ပါတယ် အခုထိလဲရှိနေတုန်းပါ.....

ပိုဆိုးလာတာက ကြက်ဆူစစ်တပ်ရဲ့ လူုမျိုးပြုန်းစစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သမားဖြစ်နေကြသူတွေ
လဲမနည်းပါဘူး ဒါဟာစီးပွားရေးပိတ်ဆို့တာတခုထဲကြောင့်လို့နားရွက်ပိတ်ပြီးငြင်းလို့မရပါခင်ဗျား.....

                                         
                                                            (၂)
၁၉၉၀ ခုနှစ်လောက်က ရွှေမြိုင်အောင်ရဲ့မိတ်ဆွေတစ်ယောက် ဆိုရင် ရွှေပတ်စပို့စာအုပ်ကြီးကိုကိုင်လို့ ရွှေမြိုင်အောင်တို့တတိယတန်းကျောင်းစာထဲမှာ
သင်ခဲ့ရတဲ့ တခါက အရှေ့တောင်အာရှမှာအကြီးဆုံးဆိုတဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းကနေထွက်ခွာလာခဲ့ပါတယ် ..ဟိုနိုင်ငံကိုသွားရမလိုလို ဒီနိုင်ငံကို
ကူးရမလိုနဲ့ ထုံးစံအတိုင်း ဘန်ကော်မှာပဲသောင်တင်နေပါရော ..ရှိထားတဲ့ဗီဇာသက်တမ်းကကုန်တော့ မလေးရှားဘက်စတေးရှောင် ပြီး ဘန်ကောက်
မှာပြန်နေတယ်တဲ့ခင်ဗျ.....

အဲဒီလိုမျိုး မလေးရှား ထိုင်းနဲ့ စင်္ကာပူနိုင်ငံတို့ကို ဟိုနိုင်ငံကိုဝင် ဒီနိုင်ငံကထွက်..၀င်လိုက်ထွက်လိုက်နဲ့ စတေးရှောင်နေရင်း တခြားသူတွေကအကြံ
ပေးတာနဲ့ ထိုင်းနယ်စပ်ကနေတဆင့် လာအိုနိုင်ငံကိုစတေးသွားရှောင်ပါတယ် ..လာအိုနိုင်ငံရဲ့နယ်စပ်က အင်မီဂရေးရှင်းကောင်တာမှာ ပတ်စပို့စာအုပ်
ကိုတင်လိုက်တယ်ဆိုရင်ပဲ ...

လာအိုအင်မီဂရေးရှင်းအရာရှိက ''လာအိုနိုင်ငံကိုဝင်ရောက်ဘို့ မင်းမှာငွေဘယ်လောက်ပါသလဲ " ဆိုပြီး ရှိုးမန်းနီးပြခိုင်းတယ်တဲ့ခင်ဗျား... ရွှေမြိုင်အောင်ရဲ့
မိတ်ဆွေလဲ "ရွှေနိုင်ငံက ရွှေပတ်စပို့ကိုင်ရတာ တော်တော်မျက်နှာငယ်ပါလား ..လာအိုလိုနိုင်ငံကတောင် ရှိုးမန်းနီးပြခိုင်းတာကိုခံရတဲ့အဖြစ် ဆိုတော့ နေနှင့်
ဦးပေါ့ကွာ ဒို့တိုင်းပြည်အစိုးရမှမကောင်းတာ .."လို့ရင်ထဲမှာခံစားရင်း ဝေဒနာတွေ တပွေ့တပိုက်ရခဲ့တယ်တဲ့ခင်ဗျား.....

ရွှေမြိုင်အောင်ရဲ့မိတ်ဆွေဟာ နောက်ဆုံးတော့ စင်္ကာပူနိုင်ငံမှာ အလုပ်ရခဲ့ပြီး နှစ်တွေအတော်ကြာတဲ့ အခါ ရွှေနိုင်ငံတော်ကြီးဆီ ခေတ္တပြန်ဘို့အတွက် စီစဉ်
တယ်တဲ့ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးဆီ ခေတ္တပြန်မဲ့မိတ်ဆွေနဲ့ရင်းနှီးတဲ့ စင်္ကာပူနိုင်ငံသားတယောက်ကို စင်္ကာပူလေဆိပ်မှာတွေ့တော့ စင်္ကာပူနိုင်ငံသားက
''မင်းတို့လေဆိပ်ရောက်ရင် ငါ့ကိုစောင့်ဦးနော်.."လို့မှာတော့ ရွှေမြိုင်အောင်ရဲ့မိတ်ဆွေစိတ်ထဲမှာ သူများနိုင်ငံတွေကိုဝင်တိုင်းစစ်ဆေးမေးမြန်းတာတွေခံရ
ပြီး အချိန်အကြာကြီးစောင့်ပြီးမှ နောက်ဆုံးကအမြဲဝင်ရတယ် ဒီတခါကိုယ့်နိုင်ငံကိုယ်ပြန်တာပဲ  လေဆိပ်ကနေအရင်ဆုံးထွက်ပြီး စင်္ကာပူအသိကိုစောင့်နေ
မယ်လို့တွေးမိပြီး  OKလို့ လက်မထောင်ရင်ကော့ပြီးပြောခဲ့တယ်တဲ့ခင်ဗျား.....

ရွှေနိုင်ငံတော်ကိုစီးလာတဲ့လေယာဉ်ဆိုက်ပြီး လေဆိပ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ "ရွှေဆိုရင်ဒီကိုလာ" ဆိုပြီးခေါ်တဲ့ အသံနောက်ကိုလိုက်သွားတယ်ခင်ဗျ ..
ပတ်စပို့စာအုပ်တွေ ခွင့်စာတွေ နိုင်ငံခြားက ရွှေအခွန်ရုံးမှာအခွန်ဆောင်ခဲ့တဲ့စာရွက်တွေကိုထုတ်ပြ  နာမည် နေရပ်လိပ်စာ မှတ်ပုံတင်နံပါတ်တွေရေးပေးပြီး
"ဆေးလိပ်လေးဘာလေးပါရင် ပေးခဲ့ဦး.."ဆိုလို့ ပါလာတဲ့ဆေးလိပ်ဘူးထဲက အနည်းငယ်ပေးခဲ့တယ်တဲ့ခင်ဗျ.....

ဆေးလိပ်လဲပေးလိုက်ရော ပတ်စပို့တွေ ခွင့်စာတွေကိုဒီအတိုင်းပြန်ပေးလို့ ပတ်စပို့မှာတုံးမထုဘူးလားမေးလိုက်တော့ ပတ်စပို့မှာတုံးထုဘို့ လ၀က ကောင်
တာကိုသွားလို့ပြန်ပြောပါတယ် ..ဒါဆိုခင်ဗျားတို့ကဘာတွေလဲဆိုတော့ ''ရွှေနိုင်ငံသားတွေ ပြန်လာတာကိုစာရင်းကောက်တဲ့ ကြံ့ဖွတ်အဖွဲ့ကတာဝန်ရှိသူတွေ
တဲ့" ခင်ဗျား.....

ကြုံရတဲ့သူအတွက်ကအံ့ဘွယ်သုတပါပဲနော် ဘယ့်နှယ်ဗျာတာဝန်ရှိ ၀န်ထမ်းလဲမဟုတ်ပဲ ကြက်ဆူမင်းများအားပေးအားမြှောက်ပြုထားတဲ့အဖွဲ့အစည်းက
တရားဝင်တောင်းစားခွင့်လိုင်စင်ကိုရထားတာရွှေနိုင်ငံတော်ကြီးမှာပဲ ရှိမယ်ထင်ပါရဲ့ဗျာ... ဟုတ်တယ်ဟုတ်.....

မိတ်ဆွေလဲ လ၀က ကောင်တာကိုဖြတ် ..ပေးစရာရှိတာကိုပေးပြီး ပတ်စပို့စာအုပ်မှာ အ၀င်တုံးကိုထု ..အကောက်ခွန်ကောင်တာမှာရှင်းစရာရှိတာကိုရှင်း
ပြီးနောက် လေဆိပ်ထဲကထွက်ခဲ့ရပါတယ် ..အိမ်ကလာကြိုတဲ့သူကို စင်္ကာပူနိုင်ငံသားရဲ့ပုံပန်းသဏ္ဍန်ကိုပြောပြပြီးမေးကြည့်တော့ လေယာဉ်ဆိုက်ပြီး
မကြာမီပဲထွက်သွားပြီလို့ဖြေပါတယ်ခင်ဗျား .....

ကိုယ့်ရဲ့တိုင်းပြည်ကို ကိုယ်ပြန်လာသည့်တိုင်အောင် နိုင်ငံခြားသားထက် ၁နာရီလောက်နောက်ကျပြီးမှလေဆိပ်အပြင်ကိုထွက်ရတဲ့အတွေ့အကြုံကို ရွှေမြိုင်အောင်ရဲ့မိတ်ဆွေ ကောင်းကောင်းကြီးရရှိလိုက်ပါတယ်ခင်ဗျာ.....

                                                         (၃)

လာအိုအကြောင်းဆက်ပြောပါ့မယ် ..ရွှေမြိုင်အောင်ရဲ့ မိတ်ဆွေကို ဝေဒနာတွေတပွေ့တပိုက်ပေးခဲ့ဘူးတဲ့ လာအိုနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာအနည်းငယ်သာ
ကျန်ရှိတော့တဲ့ ကွန်မြူနစ်နိုင်ငံတခုဖြစ်ပြီး အရှေ့အာရှရဲ့ အဆင်းရဲဆုံးသောနိုင်ငံတခုဖြစ်ပါတယ်  ဒါပေမဲ့အစိုးရပိုင်းကဦးဆောင်လို့ စီးပွားရေးအဆင့်အတန်း
တိုးမြှင့်မှုကိုပြုလုပ်ခဲ့ရာမှာ  ၁၉၉၀ခုနှစ်ကကနေ နိုင်ငံအတွင်းရှိဆင်းရဲမွဲတေမှုကို အဆင့်တခု အတိုင်းအတာတခုအထိလျော့ချနိုင်ခဲ့ပါတယ် ..ဒါဟာဆို
ရွှေနိုင်ငံကကြက်ဆူအုပ်စုနဲ့ ဆန့်ကျင်ဘက် အချိုးကျနေတယ်ခင်ဗျ..ဘယ်လိုမျိုးဆန့်ကျင်ဘက်အချိုးကျသလဲဆိုရင်.......

၁၉၈၈ စက်တင်ဘာလအာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ရွှေနိုင်ငံတော်မှာ ဆင်းရဲသူပိုများလာပါတယ် ..အသစ်တက်လာတဲ့ ကြက်ဆူအစိုးရသစ်ကအခုမှ ရွှေနိုင်ငံမှာ
ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကို စလုပ်ဘို့ကြံစီနေတုန်းပဲရှိပါသေးတယ် ..လာအိုနိုင်ငံထက်အနှစ် ၂၀ နောက်ကျနေပါပြီ သံဝေဂရစရာပါခင်ဗျား.....

လာအိုနိုင်ငံမှာ မဲခေါင်မြစ်ကိုမှီခိုပြီး ဘ၀ကိုရပ်တည်နေသူ အသက်မွေးဝမ်းကြောင်းပြုနေသူတွေများပါတယ်  ရွှေနိုင်ငံတော်ကဧရာဝတီမြစ်ကြီးလိုပေါ့ခင်ဗျာ
လာအိုနိုင်ငံရဲ့ မဲခေါင်မြစ်အောက်ပိုင်းမှာတည်ဆောက်မဲ့ ဇယဘူရီ ရေကာတာစီမံကိန်းကြောင့်ရရှိလာမဲ့ ဆိုးကျိုးတွေကို စုပေါင်းတင်ပြ ကန့်ကွက်ပြီး ပြန်လည်
သုံးသပ်မှုတွေပြုလုပ်ပေးဘို့တောင်းဆိုခဲ့ကြလို့၂၀၁၁ ဇူလိုင်လအတွင်းက ဆည်တည်ဆောက်ဘို့အစီအစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ်ခင်ဗျာ.....

ရွှေနိုင်ငံရဲ့သဘာဝအလှနဲ့ သဘာဝအရင်းအမြစ်တွေကိုပျက်စီးနိုင်ပြီး မှီခိုနေသူတွေကို အတိဒုက္ခရောက်စေနိုင်တဲ့ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံဆည်ကြီး
ဆော က်မဲ့ ကိစ္စကို ၀ိုင်းဝန်းတားဆီးဘို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်ခင်ဗျား.....

                                                        (၄)

 အခုဆိုရင်လာအိုနိုင်ငံမှာ ၂၀၁၁ ဇန္န၀ါရီလ ၁၁ရက်နေ့ကစလို့  Stock Exchange Market စတော့ရှယ်ယာဈေးကွက်တခုကို ကုမ္ပဏီ ၂ခုနဲ့စတင်ဖွင့်လိုက်နိုင်
ခဲ့တာဟာ ရွှေနိုင်ငံတော်ကြီးက ကြက်ဆူသူဌေးမင်းအပေါင်းကိုရင်ထဲ ကလိ ကလိ ဖြစ်စေခဲ့ပါရောလားခင်ဗျာ.....

ကမ္ဘောဒီးယားမှာဆို ၂၀၀၉ ခုနှစ်ကစလို့ စတော့ဈေးကွက်ကိုအသက်သွင်းပေးခဲ့ပြီး ၂၀၁၂ခုနှစ်မှာ ကုမ္ပဏီ ၁၅ ခုကနေ ၂၅ခုအထိတိုးချဲ့နိုင်အောင်လုပ်
်ဆောင်နေပါတယ်ခင်ဗျာ .....

၂၀၁၅ ခုနှစ်မှာစတင်မဲ့ အာစီယံဧ။် လွတ်လပ်စွာကုန်သွယ်မှုဧရိယာ (AFTA) စည်းမျဉ်းများအရ  အာစီယံနိုင်ငံအချင်းချင်း ဘဏ်လုပ်ငန်းများချိတ်ဆက်
လုပ်ဆောင်ရမှာဖြစ်သလို စတော့ရှယ်ယာများကိုလဲ နိုင်ငံတိုင်းမှ လွတ်လပ်စွာဝယ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ် အာစီယံဘဏ်အချင်းချင်းဆက်သွယ်လုပ်ဆောင်
နိုင်ဘို့ ရွှေနိုင်ငံတော်ကြီးမှာသုံးစွဲနေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုံးမှာ အမေရိကန် ၁ဒေါ်လာညီမျှခြင်း ရွှေနိုင်ငံသုံးငွေ ၆ကျပ်ခွဲဆိုတာနဲ့အလုပ်မဖြစ်သလို ကြားခံ
ငွေ(ပါယား) FEC ကိုဆက်လက်အသုံးပြုနေခြင်းအားဖြင့်  ရွှေနိုင်ငံတော်ကြီးမှာ ငွေကြေးတန်ဘိုးမတည်ငြိမ်ကြောင်းဝန်ခံနေတာဖြစ်တဲ့အတွက် FEC သုံးနေ
တာကိုလဲရပ်ဆိုင်းရမှာပါခင်ဗျား.....

နောက်တခုက အရှေ့တောင်အာရှ ၁၀နိုင်ငံထဲမှာမှ ATM ငွေထုတ်စက်မရှိတဲ့ ရှားရှားပါးပါးသရဖူကိုလဲ ချောင်ထဲမှာပစ်ထားနိုင်အောင်အမြန်ဆုံးလုပ်ဆောင်
ရမဲ့ကိစ္စပါခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ ကမ္ဘာ့အဆင့်မှီ စတော့အိတ်ချိန်းမားကက်ကြီးဖြစ်တည်ဘို့ ပထမအဆင့်အနေနဲ့ အာစီယံစံချိန်မှီ စတော့အိတ်ချိန်းဈေးကွက်၂ခုကို ရွှေဂုန်
နဲ့ ရွှေမန်းမြို့တော်ဟောင်း၂မြို့မှာ လာမဲ့ ၄နှစ် ၅နှစ်အတွင်းအကောင်အထည်ဖေါ်ဘို့  ထိုင်းမှနာမည်ကြီးဘဏ်တခုဖြစ်တဲ့ Export Import Bank of Thailand
နဲ့ဆွေးနွေးနေဆဲကာလဖြစ်ပါတယ်တျဲ့..အခုမှဆွေးနွေးဆဲပါခင်ဗျား.....

                                                          (၅)
၁၉၉၉ ဇန္န၀ါရီလကစလို့ ၂၀၀၂ခုဇန္န၀ါရီလအထိ ဇနီးဖြစ်သူနဲ့အတူ နိုင်ငံပေါင်း ၁၆၆နိုင်ငံ..အကွာအဝေးကီလိုမီတာ ၂သိန်း၎သောင်း ၅ထောင် ခရီးဆန့်ခဲ့သူအဖြစ်
ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းဝင်သူ Mr James Rogers Jr ခေါ် Mr Jim Roger ဆိုတဲ့ စင်္ကာပူနိုင်ငံမှာနေထိုင်ပြီး Roger Holding နဲ့ Beeland Interest Inc: ကုမ္ပဏီ
တို့ကိုပိုင်ဆိုင်သော စီးပွားရေးကျွမ်းကျင်သူဆရာကြီးက ရွှေနိုင်ငံတော်မှာ စတော့အိတ်ချိန်းဈေးကွက်ဖွင့်ရင် မိနစ်ပိုင်းအတွင်းမှာပဲအရင်ဝယ်ပစ်မယ်လို့ဆိုပါတယ်ခင်ဗျား...

သိပ်ကြိုက်တာပေါ့ဗျာ ..ကြက်ဆူအုပ်စုက ဒီလိုမျိုးလူတွေကိုစောင့်နေတာမဟုတ်လား ..

ကြက်ဆူဘုရင်ကြီးအုပ်ချုပ်ခဲ့တဲ့ရွှေနိုင်ငံတော်ကြီးမှာ လွန်ခဲ့တဲ့  ၈နှစ် ၉နှစ်လောက်က အစိုးရဘဏ်မဟုတ်တဲ့ အာရှဓနလိုဘဏ်မျိုးက အပ်ထား
တဲ့ငွေတွေပြန်ထုတ်မပေးပဲ ဒေ၀ါလီခံသွားတာမျိုးကို ဗဟိုဘဏ်က၀င်ပြီးကျားကန်ပေးတာမျိုး ရွှေနိုင်ငံတော်ကြီးမှာမရှိဘူးခင်ဗျ နင်တို့အချင်း
တရားစွဲပြီးရှင်းကြလို့သာ ခေါင်းရှောင်ပေးခဲ့ပါတယ်ခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ စတော့ဈေးကွက်ဖွင့်တဲ့အချိန်ကျရင် Mr Jim Roger အနေနဲ့ ရှယ်ယာတွေ ၀ယ်ချင်ရင်ဝယ်လို့ရမှာဖြစ်ပေမဲ့ အ၀င်မလွယ်သလို
အထွက်လည်းခက်ပြီး  အ၀င်ရှိပေမဲ့ အထွက်လုံးဝမရှိတဲ့ ကြက်ဆူမင်းတို့ရဲ့မူအတိုင်းဆိုရင် ရှယ်ယာတွေပြန်ထုတ်ချင်ရင် သို့တည်းမဟုတ် မလိုချင်လို့
ရှယ်ယာတွေပြန်ရောင်းမလို့ဆိုရင်တော့ ....

၁၉၄၂ခုနှစ်အောက်တိုဘာလ ၁၉ရက်နေ့က အမေရိကန်နိုင်ငံမှာမွေးခဲ့တဲ့ Mr Jim Roger ခင်ဗျာ အခုဆိုရင်လူကြီးမင်းရဲ့အသက်ဟာ ၇၀ နားနီးနေ
ပါပြီ  ရွှေနိုင်ငံတော်ကြီးကနေရှယ်ယာတွေ ၀ယ်ပြီး ပြန်ရောင်းနိုင်တဲ့နေ့ရောက်အောင် အသက်ရာကျော်ရှည်ပါစေလို့ ရွှေမြိုင်အောင်ဆုတောင်း
ပေးနေပါ့မယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)
                                                                                                                   

No comments:

Post a Comment