Sunday, March 6, 2011

ကြက်ဆူတောမှေ​တာက်တဲ့ဟော​စာတမ်း

ဒီနှစ်ထဲမှာ ရာသီဥတုနဲ့ပတ်သက်ပြီးထူးခြားတဲ့အခြေအနေတွေကိုကြားမြင်တွေ့သိ ထိမိလို့နေရပါတယ်ခင်ဗျ ..
ဂျပန်မှာဆိုရင်နှစ်ပေါင်း ၅၀အတွင်းမှာ ဒီနှစ်ဟာရာသီဥတုပြောင်းလဲမှုအဆိုးဆုံးလို့ဆိုပါတယ် ...
နှစ်စဉ်ပွင့်နေကျ ဆာကူရာပန်းတွေလဲ ဒီနှစ်မှာ သက်တော်ရှည်လို့ တော်တော်နဲ့မကြွေတာ သတင်းတွေကို
ဖြစ် ..လို့.....

နွေဦးရောက်ပြီဟေ့ ဆောင်းတွင်းကအနွေးထည်တွေ သိမ်းလို့ရလောက်ပြီကွလို့ ထင်လိုက်တဲ့အတွက် သိမ်းပြီးလို့မှ
 နှစ်ရက်မကြာပါဘူး  နှင်းတွေကကျ မိုးတွေကရွာ ရာသီဥတုတွေဖေါက်ပြန်လာတာမို့  သိမ်းပြီးသွားတဲ့အနွေးထည်အချို့
ပြန်ထုတ်ခဲ့ရပါတယ် ...

မိုးလေ၀သဌာနရဲ့ တပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေလဲ တပတ်စာအလွဲတွေဖြစ်ခဲ့ရပြန်ရောပေါ့ခင်ဗျာ...
တပတ်စာမိုးလေ၀သခန့်မှန်းချက်တွေကိုအားကိုးမိလို့ ရွှေမြိုင်အောင် မိုးမိခဲ့ရတာလဲအကြိမ်ကြိမ်ပါ...တီရှပ်ကလေး
တစ်ထည်နဲ့ရွက်လွှင့်မိလိုက်တဲ့နေ့တွေမှာ မိုးနဲ့လေကြားမျောသွားခဲ့ရလို့ ဟပ်ချိုး အဟွတ် အဟွတ် သက်တမ်းကလဲ
အတော့်ကိုရှည်ခဲ့ပါတယ် ...

ချောင်းတွေဆိုး လည်ချောင်းတွေနာပြီး စကားပြောရင် အသံလုံးမကွဲပဲ မန်ဒါလီဘဲလို အဂါး အဂါး ဖြစ်ခဲ့ရတယ်ဗျာ...

နေ့အပူချိန်အတက်အကျကလဲ တနေ့နဲ့တနေ့မတူ အတော်ကြီးကိုကြမ်းခဲ့ပြန်ပါတယ် ဂျပန်မှာ နေ့အပူချိန် အတက်
အကျကြမ်းနေပေမဲ့ ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာနေ့အပူချိန်အတက်က ကြမ်းနေလေရောလို့ဆိုပါတယ် ..
ကြမ်းတာကမှ ရေတွင်းကရေတွေခန်း..ရေကန်ကရေတွေခန်း..အင်းလေးကန်ကြီးရေတွေခန်းရတဲ့အထိ ခန်းခန်းတွေ
လှိုင်ခဲ့ရလေသတဲ့ခင်ဗျာ..

ခန်းခန်းတွေလှိုင်ခဲ့ရတာကြောင့် ရွှေနိုင်ငံသားတွေလဲ သောက်ရေ သုံးရေပြဿနာ ဖြစ်ကြရရှာပါတယ် ..အပူချိန်လွန်
ကဲတဲ့ဒဏ်ကြောင့် လူအသေအပျောက်တွေလဲတော်တော်များခဲ့တယ်လို့ စိတ်မကောင်းစွာကြားရပါတယ် ...

အခုလဲရေရှားတဲ့ပြဿနာကိုအတတ်နိုင်ဆုံးကူညီပြီး ကုသိုလ်ယု ရေလှူတဲ့သူတွေကိုတော့ သူတို့ရဲ့စေတနာနဲ့ အလှူ
အတွက်ရွှေမြိုင်အောင်သာဓု ခေါ်ပါတယ် ...
ဒါပေမဲ့ဗျာ ..ကျေးရွာအဆုံးတပြည်လုံး ရေမီးရအောင်လုပ်ပေးရမဲ့တာဝန်က ပြည်သူ့ဘဏ္ဍာတွေကို ယူငင်စားသုံးနေတဲ့
အစိုးရရဲ့တာဝန်မဟုတ်ပေဘူုးလားဗျာ ..နော်....

ဒီနှစ်မှာ ရေရှားတယ်ပြောလို့ ရေသွားလှူကြတယ် နောက်နှစ်နွေအတွက်ကြိုတင်ပြင်ဆင်မှုကရော ...ဟုတ်ကဲ့ ဒီနှစ်လိုပဲ
ရေရှားတယ် အော်ကြရင် နောက်နှစ်မှာလဲ သွားလှူကြမယ်ဆိုတာမျိုးထက် ပိုပြီး အခြားဘာမှထူးခြားမှုရှိမယ်လို့တော့
ရွှေမြိုင်အောင် မထင်ရေးချမထင်ပါခင်ဗျား ...

ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝဘေးအန္တရာယ် အခံစားရဆုံးတိုင်းပြည်တွေစာရင်းထဲမှာ မြန်မာနိုင်ငံလဲပါတယ်ခင်ဗျ ..
ရာသီဥတုဆိုးရွားရတာက သစ်တောတွေပြုန်းတီးလို့ မြစ်ချောင်းရေဝေရေလဲတွေ ပြောင်းလဲလို့ တိမ်ကောကုန်လို့
အစရှိသဖြင့် အမျိုးမျိုးသောအကြောင်းအရာတွေရှိပေမဲ့ .......အဲဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရွှေမြိုင်အောင်
ရေးမနေတော့ပါဘူး ...

ရွှေမြိုင်အောင် တို့ငယ်စဉ်က သစ်တောဦးစီးဌာနရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ဥတုရာသီ တောကိုမှီဆိုတဲ့ ဘုတ်ပြားတွေကို
မော်လမြိုင် တောင်ရိုးတန်းတွေမှာ အတော်များများ တွေ့ရပါတယ် ..အဲဒီနောက် ဘုတ်ပြားကလေးတွေဟာ ရာဘာ
ခြံတွေရှိရာကို နေရာရွှေ့သွားပါတယ် ..အခုတော့ဘုတ်ပြားလေးတွေလဲ ထင်းရှာတွေရဲ့လက်ကြောင့် တောကိုမမှီ
နိုင်တော့ဘူးဖြစ်သွားရရှာလေသတဲ့ ...

မြန်မာပြည်မှာ သစ်ဝါးတွေရှားပါးလာပြီး ယတြာချေ စိုက်ခဲ့တဲ့ခြံစည်းရိုးကြက်ဆူပင်တေါသာ မလိုချင်ပဲပွားနေရော ..
ခင်ဗျ ..အနှစ်မရှိတဲ့ ကြက်ဆူတောက ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့တိုင်းပြည်မှာ ကြက်ဆူဗိုလ်တွေကိုကြောက်ရလို့
မိုးလေ၀သကိုမှန်ကန်အောင်ဟောကိန်းမထုတ်နိုင်ပဲ ကြက်ဆူပင်မှာ တွယ်ကပ် တက်ထိုင်နေတဲ့ တောက်တဲ့ကြီး
ရှိပါတယ် ...

အဲဒီတောက်တဲ့ကြီးက အပူချိန်မြင့်တက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့တာကို ရွှေမြိုင်အောင် ပြန်ပြောပြမယ်
အပူချိန်ကပထမတက်တယ်တဲ့ တက်ပြီးတော့ပြန်မကျဘုးတဲ့ ပြန်မကျရတာကမိုးမရွာလို့တဲ့ မိုးမရွာလို့ တိမ်မရှိလို့
အေးအောင်လုပ်တဲ့ မဂက်နက်ဇင် ဘာမှမရှိတော့အပုချိန်ကတန်းနေရောတဲ့  ..အပူုချိန်တန်းနေလို့ အပူရှိန်ဖြစ်လာတာတဲ့
ဒီတော့အပူရှိန်တွေမြင့်ပြီး အပူရှိန်တွေတက်လာတာတဲ့ ...အပူရှိန်တွေက လေးငါးရက်လောက်တက်နေတော့
အဲဒီအပူရှိန်တွေက အပုချိန်ကိုတန်းစေပြန် ...စကားလေး ၂လုံးဖြစ်တဲ့အပူရှိန်နဲ့အပူချိန်ကြားမှာ ရှုပ်ရှုပ်ကလေးနဲ့ရှင်း
သွားတာကိုရွှေမြိုင်အောင်နားလည် လိုက်တာက မိုးမရွာလို့ပူတယ်ဆိုတာပါပဲ ခင်ဗျာ ..မှတ်ကရော...
လူပြိန်းနားလည်အောင်ရှင်းပြတတ်တဲ့ တောက်တဲ့ကြီးရေ ..တော်လိုက်တဲ့ဥာဏ်နဲ့ ကွက်တိမှန်မဲ့ဟောချက်ပါလားဗျာ...

သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း တောက်
တဲ့ကြီးကပြောပါတယ်  “အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ
စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး
စောင့်ကြည့်ရတဲ့ အနေအထားပါ” တဲ့ခင်ဗျာ ...

အပူချိန် ၄၅ဒီဂရီ ၄၇ဒီဂရီအထိ အမြင့်ဆုံးဖြစ်ခဲ့တာတွေ တနိုင်ငံလုံးမှာ အပုချိန် ၄၀ နဲ့အထက်ရှိခဲ့တာနဲ့ပတ်သက်ပြီး
ဘယ်လိုစံချိန်ကျိုးတယ်ဆိုတာကို တောက်တဲ့ကြီးရဲ့ဟောစာတမ်းထဲမှာမပါပါဘူး ...

အခုမိုးရာသီထဲရောက်တော့မိုးရွာမဲ့အကြောင်း တောက်တဲ့ကြီးနဲ့တကွ တောက်တဲ့အပေါင်းကဟောကြပါပြီ ...

 ပြီးခဲ့သည့် ရက်ပိုင်းများကပင် အယ်လ်နီညိုရာသီဥတုဒဏ် ခံစားနေရရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍
ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာကြောင်း တောက်တဲ့ကြီးက ပြောတာကို
ကြည့်ခြင်းအားဖြင့် သူ့ရဲ့ဟောစာတမ်းမမှန် ရင်သူ့မှာအပြစ်မရှိပဲ  လာနီညာ တို့ အယ်လ်နီညို တို့ကြောင့်ဖြစ်တာပါလို့
ဆင်ခြေတွေအရင်ပေးနေပါပြီခင်ဗျာ ....

(ရွှေမြိုင်အောင်)

No comments:

Post a Comment